IS အဖွဲ့ဝင် ဗြိတိန်နိုင်ငံသား ဘင်္ဂလားဒေ့ရှ်မှာ ဖမ်းမိ

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံမှာ အစ္စလာမ် စစ်သွေးကြွ ကွန်ရက်ထူထောင်ဖို့ ရောက် ရှိလာသူ ဗြိတိန်နိုင်ငံသား တစ်ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံမှာ အစ္စလာမ် စစ်သွေးကြွ ကွန်ရက်ထူထောင်ဖို့ ရောက်ရှိလာသူ ဗြိတိန်နိုင်ငံသားတစ်ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခဲ့ ပါတယ်။

ဆီးရီးယားနိုင်ငံက IS ခေါ် အစ္စလာမ်မစ် နိုင်ငံထူထောင်ရေး စစ်သွေးကြွအဖွဲ့တွေအတွက် အဖွဲ့ဝင်တွေ စုဆောင်းဖို့၊ စစ်သွေးကြွ ကွန်ရက် ထူထောင်ဖို့ရောက်ရှိလာခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ဆာမီအန်ရာမန် ဆိုသူကို ဒါကာမြို့မှာ ဖမ်းဆီးခဲ့တာပါ။

သူဟာ  ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာနေထိုင်သူဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိ လာခဲ့ကြောင်း၊ IS အဖွဲ့အပြင် ၊ အယ်ကိုင်းဒါးနဲ့ ဆက်စပ်နေတဲ့ နူစရာ တပ်ဦးအဖွဲ့ နှစ်ဖွဲ့လုံးအတွက် လူသူစုဆောင်းဖို့လာရောက်တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရာဇဝတ်မှု စုံစမ်းထောက်လှမ်း ရေးဌာနကပြောပါတယ်။

တပ်ဖွဲ့ဝင်သစ်တွေစုဆောင်းဖို့ကြိုးပမ်းခဲ့ကြောင်း ရာမန်က ဝန်ခံထွက်ဆိုခဲ့ပေမဲ့၊ အောင်အောင်မြင်မြင် စုဆောင်း ပို့ဆောင်နိုင်ခဲ့တာရှိမရှိ မသိရသေးဘူးလို့ ရဲက ပြောပါတယ်။

ဒါ့ပြင် ရာမန်မှာ  ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံမှာ စစ်သွေးကြွ ကွန်ရက်ထူထောင်ဖို့ အစီအစဉ်လည်း ရှိတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သူ့မိဘတွေက ဒါကာမြို့က ဖြစ်ပြီး၊ သူ့ကို ဗြိတိန်နိုင်ငံမှာ မွေးဖွားပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဆီးရီးယားကို သွားရောက်ခဲ့ပြီး၊  နူစရာ တပ်ဦးအဖွဲ့ဝင်အဖြစ် တိုက်ပွဲတွေမှာ ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ် ကိုမလာရောက်ခင် ဘင်္ဂလားဒေ့ရှ်လူငယ်တစ်ယောက်နဲ့ Face book မှာ အဆက်အသွယ် ရခဲ့တယ်လို့လည်း ရဲကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org