ဒုက္ခသည်တွေကိုအဓမ္မ ပြန်ပို့မည်မဟုတ်

စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲ ပြီးသွားတဲ့အခါ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေကို မြန်မာပြည်ဘက် ပြန်ပို့မယ်ဆိုပြီး သတင်းတွေ ထွက်နေချိန်မှာ အောက်တိုဘာလ (၂၂) ရက်နေ့က ထိုင်း နိုင်ငံခြားရေးဝန်ကြီး ခဆစ်ဖိရုမ်း ဟာ မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်းကို သွားရောက် လည်ပတ်ပြီး စခန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ဒုက္ခသည်တွေကို အဓမ္မ ပြန်ပို့မှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း သိရပါတယ်။

မယ်လ ဒုက္ခသည်စခန်း တာဝန်ခံ စောထွန်းထွန်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org