စစ်ပွဲတွေရပ်ဖို့ နိုင်ငံ တကာ တောင်းဆို

မြန်မာနိုင်ငံမြောက်ပိုင်းက အစိုးရတပ်နဲ့ တိုင်းရင်း သားတပ်တွေရဲ့ စစ်ပွဲတွေရပ်ဖို့ အပြည်ပြည်ဆိုင်ရာ ကူညီကယ်ဆယ်ရေးကော်မတီ IRC နဲ့ Save the Children ကလေးများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့ပေါင်း ၂၂ ဖွဲ့က မနေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်က တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က သီပေါမြို့နယ် ပန်ခါးကျေးရွာမှာ တွေ့ရစဉ် Photo: Kan Thar/RFA

မြန်မာနိုင်ငံမြောက်ပိုင်းက အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်တွေရဲ့ စစ်ပွဲတွေရပ်ဖို့ အပြည်ပြည်ဆိုင်ရာ ကူညီကယ်ဆယ်ရေးကော်မတီ IRC နဲ့ Save the Children ကလေးများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အပါအဝင် နိုင်ငံတကာအဖွဲ့ပေါင်း ၂၂ ဖွဲ့က မနေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ကချင်နဲ့ ရှမ်းပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြန်စခဲ့တဲ့တိုက်ပွဲတွေမှာ အစိုးရတပ်က လေကြောင်းနဲ့ တိုက်ခိုက်သလို၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေ တောက်လျှောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ပြေးဒုက္ခသည်တွေကို ကူညီမယ့်အဖွဲ့တွေကို အစိုးရကသွားခွင့်မပေးဘူးလို့ ကချင်ရေးတက်ကြွ လှုပ်ရှားသူ မခွန်ဂျာက AP သတင်းဌာနကို ပြောတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ ဒီစွပ်စွဲချက်ကို စစ်တပ်ဘက်ငြင်းဆိုပြီး၊ တည်ဆဲဥပဒေနဲ့ လုပ်ထုံးလုပ်နည်းအရ၊ အစိုးရက ခွင့်မပြုတဲ့အဖွဲ့ ရယ်လို့ တစ်ဖွဲ့မှမရှိဘူးလို့ ဗိုလ်ချုပ်အောင်ရဲဝင်း က ပြောတယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org