မြန်မာပြည်ဆိုင်ရာ ကုလ စုံစမ်းရေးကော်မရှင်ဖွဲစည်းရေး အိန္ဒိယ ဝေဖန်

မြန်မာနိုင်ငံမှာ စစ်အစိုးရက ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား ရဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဒီလုပ်ရပ်ဟာ ဘာများ အသုံးဝင်မှာမို့လဲလို့ အိန္ဒိယ နိုင်ငံက မေးခွန်းထုတ်လိုက်ပါတယ်။

ရွှေဝါရောင် သံဃာနှင့် လူထု အုံကြွလှုပ်ရှားမှုကြီးကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းဖြိုခွဲမှုကြောင့် သေဆုံးခဲ့ရသော လူငယ်တဦးကို ၂၀ဝ၇ စက်တင်ဘာ ၂၈ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ဒီလို ဆောင်ရွက်တာမျိုးဟာ ဆန့်ကျင်ဖက် အကျိုးရလဒ်တွေကိုသာ ရရှိစေမှာဖြစ်ပြီး မြန်မာပြည်တွင်းက အကူအညီလိုနေတဲ့သူတွေ ထိခိုက်သွားရတာနဲ့ပဲ အဆုံးသတ်သွားနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယသံအမတ် Acquino Vimal က ပြောဆိုခဲ့တာပါ။

ပြီးတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာပြည်ဆိုင်ရာ အစီရင်ခံစာမှာလည်း ဒီအကြောင်း ထည့်သွင်းဖော်ပြထားတာ မတွေ့ရဘူးလို့ ဆိုပါတယ်။ မြန်မာပြည် နိုဝင်ဘာ ရွေးကောက်ပွဲဟာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ရှေ့ကို တလှမ်းတိုးလိုက်ပါ လို့လည်း အိန္ဒိယသံအမတ်က ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ မြန်မာစစ်အစိုးရအပေါ် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး အဆိုကို အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံ ၁၃ နိုင်ငံက ထောက်ခံခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org