ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ်နဲ့ အာသံပြည်နယ်မှာ တရားမဝင် နေထိုင်နေတဲ့ ရိုဟင်ဂျာ ၇ ဦးကို ဒီကနေ့ ပြန်ပို့်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ရိုဟင်ဂျာအမျိုးသမီးတွေကို တွေ့ရစဉ် Photo: AP
အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ်နဲ့ အာသံပြည်နယ်မှာ တရားမဝင် နေထိုင်နေတဲ့ ရိုဟင်ဂျာ ၇ ဦးကို ဒီကနေ့ ပြန်ပို့်လိုက်ပါတယ်။

သူတို့ဟာ ၂၀၁၂ ခုနှစ်ကတည်းက အာသံပြည်နယ် ဆဲက်ချားခရိုင်က ဗဟိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရ တာဖြစ်ပါတယ်။

သူတို့ကို မဏိပူရပြည်နယ်က မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မိုးရေးမြို့အနီးမှာ မြန်မာအာဏာပိုင်တွေထံ လွှဲပြောင်းခဲ့ တာဖြစ်ပြီး မြန်မာဘက်က လဝက အရာရှိ ၂ ဦးက လက်ခံခဲ့ပါတယ်။

ပြန်ပို့ခံရမယ့်သူတွေဟာ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်ဆိုတာကို မြန်မာဘက်က အတည်ပြုခဲ့ပြီးမှ အခုလို လက်ခံခဲ့တာလို့ သိရပါတယ်။

ရိုဟင်ဂျာ ၇ ဦးရဲ့ ရှေ့နေတွေကတော့ ဒီလိုပြန်ပို့မယ့်ကိစ္စအပေါ် တရားရုံးကို အရေးပေါ် အယူခံဝင်ခဲ့ပေမယ့် အိန္ဒိယတရားရုံးချုပ်က အယူခံကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က အိန္ဒိယသံရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းနဲ့ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းနေပေမယ့် အဆက်အသွယ် မရသေးပါဘူး။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org