အိန္ဒိယနိုင်ငံမှာ မြန်မာဒုက္ခသည် လေးသောင်းကျော် ခိုလှုံနေ

ဒုက္ခသည်စခန်း ၆၀ ဝန်းကျင်က ဒုက္ခသည်ဦးရေ သုံးသောင်းနီးပါးကို စာရင်းကောက်ယူထားပြီး နီးစပ်ရာဆွေ မျိုးတွေနဲ့ နေထိုင်သူတွေရဲ့ စာရင်းပေါင်းရင် ဒုက္ခသည် လေးသောင်းကျော် ရှိနေတယ်လို့ K Vanlalvena က ပြောပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည်တချို့ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ ရစဉ်။ Photo: AFP

အိန္ဒိယ - မြန်မာနယ်စပ်က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံက ဒုက္ခသည် လေးသောင်းကျော် ခိုလှုံနေတယ်လို့ မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ် K Vanlalvena က The Hindu သတင်းစာကို စက်တင်ဘာ ၂၅ ရက် မနေ့က ပြောပါတယ်။

ဒုက္ခသည်စခန်း ၆၀ ဝန်းကျင်က ဒုက္ခသည်ဦးရေ သုံးသောင်းနီးပါးကို စာရင်းကောက်ယူ ထားပြီး နီးစပ်ရာဆွေ မျိုးတွေနဲ့ နေထိုင်သူတွေရဲ့ စာရင်းပေါင်းရင် ဒုက္ခသည် လေးသောင်း ကျော် ရှိနေတယ်လို့ K Vanlalvena က ပြောပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရက ဒုက္ခသည်တွေကို အခြေခံလိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ ပေးထားပေမယ့် အလုပ်အကိုင် အခွင့်အလမ်းရှာဖွေခွင့်ကိုတော့ တားမြစ်ထားတယ်လို့ ပြည်နယ်လွှတ်တော်အမတ် က ပြောပါတယ်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Zoramthanga ဟာ နိုင်ငံဝန်ကြီးချုပ် Narendra Modi နဲ့ စက်တင်ဘာ ၁၄ ရက်နေ့က တွေ့ဆုံခဲ့ပြီး ဒုက္ခသည်ကိစ္စ မြန်မာနဲ့ ဆွေးနွေးဖို့ အဆိုပြုခဲ့ တယ်လို့ သူက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ ကြားနေဖြစ်တာကြောင့် ဒုက္ခသည်နဲ့ စစ်ကောင်စီကြားမှာ ဘယ်ဘက်ကမှ မပါဘူးလို့လည်း K Vanlalvena က The Hindu သတင်းစာကို ပြောပါတယ်။

အိန္ဒိယနဲ့ မြန်မာဟာ ၁,၆၄၃ ကီလိုမီတာ အထိ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org