မြန်မာနဲ့ အိန္ဒိယ ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်

မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံ ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ မြန်မာရေတပ် စစ်သင်္ဘောတွေ အိန္ဒိယကို ရောက်ရှိနေကြပြီလို့ India Today သတင်းစာက ဖေါ်ပြပါတယ်။

ဆင်ဖြူရှင် စစ်သင်္ဘောကို တွေ့ရစဉ် .

မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံ ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ မြန်မာရေတပ် စစ်သင်္ဘောတွေ အိန္ဒိယ ကို ရောက်ရှိနေကြပြီလို့ India Today သတင်းစာက ဖေါ်ပြပါတယ်။

၂၀၁၈ အိန္ဒိယနဲ့ မြန်မာရေတပ် လေ့ကျင့်ရေးအစီအစဉ်အရ အိန္ဒိယ အရှေ့ဘက်ကမ်းရိုးတန်းမှာ လေ့ကျင့်ကြမှာပါ။

မြန်မာဘက်က ဆင်ဖြူရှင်နဲ့ အင်းလေး အမည်ရှိ စစ်သင်္ဘောနှစ်စင်း ပါဝင်လေ့ကျင့်မှာဖြစ်ပါတယ်။

အပိုင်းနှစ်ပိုင်း လေ့ကျင့်ကြမှာဖြစ်ပြီး၊ မတ်လ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ဆိပ်ကမ်းပိုင်း၊ မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၃ ရက်နေ့အထိ ပင်လယ်ပြင်ပိုင်း လေ့ကျင့်ကြမယ်လို့ သတင်းမှာဖေါ်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org