အိန္ဒိယအစိုးရက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် ကန်ဒေါ်လာ ၂၅ သန်း ကူညီမည်

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အိန္ဒိယအစိုးရက ၅ နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂၅ သန်းအထိ ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri Vikram Misri က ဒီနေ့ ပြောလိုက်ပါတယ်။

အိန္ဒိယအစိုးရက ထွန်စက်၊ စပါးရိတ်သိမ်းခြွေလှည့်စက်နဲ့ ကွန်ပျူတာတွေ ပေးအပ်တဲ့ အခမ်းအနားကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တွေဟိုတယ်မှာ ပြုလုပ်ခဲ့စဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အိန္ဒိယအစိုးရက ၅ နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂၅ သန်းအထိ ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri Vikram Misri က ဒီနေ့ ပြောလိုက်ပါတယ်။

ကနဦးအဆင့်အနေနဲ့ ရခိုင်ပြည်မြောက်ပိုင်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် နေအိမ်အလုံး ၂၅၀ ကိုဆောက်လုပ်ပေးနေတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

"ကူညီထောက်ပံ့မှု ရှေ့ပြေးစီမံချက်အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အတွက် နေအိမ်အလုံး ၂၅၀ ကိုဆောက်လုပ်ပေးနေပါတယ်။ ဒါကတော့ ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးတွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ မြို၊ ဒိုင်းနက် တိုင်းရင်းသားတွေ၊ မွတ်စလင်အသိုင်းအဝိုင်းတွေအတွက်ဖြစ်ပါတယ်" လို့ပြောဆိုသွားတာဖြစ်ပါတယ်။

ဒီနေ့နေ့လယ်က စစ်တွေဟိုတယ်မှာ ထွန်စက်၊ စပါးရိတ်သိမ်းခြွေလှည့်စက် အစီးရေ ၃၀ နဲ့ ကွန်ပျူတာအလုံး ၄၀ ပေးအပ်မယ့် နားလည်မှုစာချွန်လွှာကို ပြည်နယ်အစိုးရနဲ့ လက်မှတ်ရေးထိုးခဲ့ရာမှာ သံအမတ်ကြီးက ပြောဆိုခဲ့ တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကတည်ဆောက်နေတဲ့ စစ်တွေဆိပ်ကမ်းကို အခုနှစ်အတွင်းလည်ပတ်နိုင်အောင် ကြိုးပမ်းနေတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဒီဆိပ်ကမ်းနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ MOU လက်မှတ်ရေးထိုးရမယ့် အဆင့်တစ်ခု ကျန်ရှိနေသေးသလို ဆိပ်ကမ်းလည်ပတ်ဖို့ ကုမ္ပဏီအဖွဲ့တွေကိုရှာနေပြီး အဆင်ပြေတာနဲ့ ဆိပ်ကမ်းကို စတင်လည်ပတ်နိုင်တော့မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org