တဂိုး နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ရန်ကုန်မြို့ အိန္ဒိယ သံရုံးမှာ ကျင်းပနေတဲ့ ဘင်္ဂါလီ စာဆိုကြီး ရာဘန္ဒြာ နသ်တဂိုး Rabindranath Tagore ရဲ့ နှစ် (၁၅ဝ) ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲကို မနေ့ ညနေပိုင်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ကြည့်ရှုခဲ့ပါတယ်။

့မြန်မာ့ ဒီမိုကရေစီရေးအတွက် India မှ ပါဝင် လှုပ်ရှားရန် တိုက်တွန်းတောင်းဆိုသော India နိုင်ငံမှ ဆန္ဒပြပွဲ တခုကို တွေ့ရပုံ။

အိန္ဒိယသံရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ပထမဦးဆုံး အကြိမ် တရားဝင် ဖိတ်ကြားခဲ့တာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

" ကျနော် ၂၀၀၅ ခုနှစ် ကတည်းက ထောင်လွတ်လာပြီး သိသလောက် ပြောရရင် အဖွဲ့ချုပ်က လုပ်တဲ့ နိုင်ငံရေး အခမ်းအနားတွေမှာ အိန္ဒိယ သံရုံးက တက်ရောက်လေ့ မရှိဘူး၊ အဖွဲ့ချုပ်နဲ့လည်း ထူးထူး ခြားခြား ဆက်ဆံတာ မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက်မှာတော့ ဆက်ဆံမှု နည်းနည်းရှိလာတာ သတိထားမိပါတယ်။ မကြာခင်က အိန္ဒိယ ဝန်ကြီး လာခဲ့တုန်းကလည်း ပါလာတဲ့ အရာရှိကြီး တစ်ယောက် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် တွေ့ဆုံနှုတ်ဆက် ပါတယ်"

အခုလို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ အစိုးရဘက်က တရားဝင် ဖိတ်ကြားတာကို မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေ ကလည်း ကြိုဆိုကြ ပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တဂိုးရဲ့ နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲမှာ နိုင်ငံတကာ အနုပညာရှင်တွေနဲ့ မြန်မာ့ပန်းချီ အနုပညာရှင်တွေရဲ့ လက်ရာတွေကို ပြသထားပြီး စက်တင်ဘာလ (၂) ရက်ကနေ (၈) ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org