မြန်မာနိုင်ငံမှာ လူသတ်မိုင်းအသုံးပြုမှု ပိုတိုးလာနေ

မြန်မာနိုင်ငံမှာ လူသတ်မိုင်း(ခေါ်) Antipersonnel landmine တွေအသုံးပြုမှု ပိုတိုးလာတယ်လို့ နိုင်ငံတကာ မြေမြုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားတဲ့အဖွဲ့ (ICBL) ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကယားပြည်နယ်အတွင်း ကျေးရွာတစ်ရွာအနီးမှာ M14 မြေမြှုပ်မိုင်းတစ်လုံးကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် တွေ့ရစဉ်။ Photo: AFP

မြန်မာနိုင်ငံမှာ လူသတ်မိုင်း(ခေါ်) Antipersonnel landmine တွေအသုံးပြုမှု ပိုတိုးလာတယ်လို့ နိုင်ငံတကာ မြေမြုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားတဲ့အဖွဲ့ (ICBL) ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဒီမိုင်းကိုသုံးစွဲတဲ့နိုင်ငံဟာ မြန်မာနဲ့ ရုရှားနှစ်နိုင်ငံပဲ ကျန်တော့တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ဆယ်စုနှစ်နဲ့ချီ ဒီမိုင်းတွေကို သုံးလာခဲ့တာဖြစ်ပြီး အခုစစ်တပ်အာဏာသိမ်းပြီးနောက် ပိုသုံးလာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ဒီမိုင်းကြောင့် အရပ်သား ၁၅၇ ယောက်သေဆုံးခဲ့ပြီး ၃၉၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။ သေဆုံးသူတွေထဲ ကလေးတွေလည်း ပါပါတယ်။

ICBL အဖွဲ့ရဲ့ အစီရင်ခံစာအရ ဒီလူသတ်မိုင်းတွေကို စစ်ကောင်စီတပ်ဘက်ကချည်း သုံးနေတာမဟုတ်ဘဲ စစ်တပ်မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကလည်း သုံးနေတယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org