စစ်ခေါင်းဆောင် ပြင်ဦးလွင် ရောက်လာပြီး မြို့အဝင်အထွက် လုံခြုံရေးတင်းကျပ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်နေတာကြောင့် မြို့တွင်းနဲ့ မြို့အဝင်အထွက်တွေကို လုံခြုံရေးတင်းကျပ်ထားတယ်လို့ ပြင်ဦးလွင်မြို့ခံတွေက RFA ကို ပြောပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ဝင်ပေါက်အနီးဝန်းကျင်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်နေတာကြောင့် မြို့တွင်းနဲ့ မြို့အဝင်အထွက်တွေကို လုံခြုံရေးတင်းကျပ်ထားတယ်လို့ ပြင်ဦးလွင်မြို့ခံတွေက RFA ကို ပြောပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့မှာ ပြင်ဦးလွင် စစ်တက္ကသိုလ် (Defence Services Academy) နဲ့ တပ်မတော်နည်းပညာတက္ကသိုလ် (Defence Services Technological Academy) တို့မှာ ဗိုလ်လောင်း သင်တန်းဆင်းပွဲအတွက် စစ်ကောင်စီဥက္ကဋ္ဌ ရောက်ရှိနေတာလို့ ဆိုပါတယ်။

မြို့ရဲ့ နေရာတော်တော်များများမှာ စစ်ဆေးရေးတွေ ပိုတင်းကျပ်ထားပြီး ဒီမနက်ပိုင်းမှာတော့ လမ်းတချို့ပိတ်ထားတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။

"အရင်တစ်ခေါက်လာတုန်းကထက် လုံခြုံရေး ပိုကျပ်ထားတယ်ဗျ။ လမ်းကြိုလမ်းကြားတွေကအစ ရဲနှစ်ယောက် သုံးယောက် အနည်းဆုံးရှိတယ်။ ဒီမနက်က DSA ကျောင်းဆင်းပွဲ ရှိတယ်။ မနက်ကဆို လမ်းတွေပိတ်ထားလို့ ဈေးဘက်ကို ကွင်းပြီးသွားခဲ့ရတယ်"

လုံခြုံရေးတင်းကျပ်တာအပြင် စစ်သုံးယာဉ်တွေဖြစ်တဲ့ သံချပ်ကာကားတွေနဲ့ပါ လှည့်လည် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြင်ဦးလွင်မြို့နဲ့ မိုင်နှစ်ဆယ်ခန့်ဝေးတဲ့ ဂန့်ကော်ရွာ၊ ဘန့်ဘွေးရွာနဲ့ အုမ္မသီးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org