တရားမဝင် အလုပ် သမားတွေ ခြောက်သောင်းကျော် ဌာနေပြန်


2017.07.03
myanmar-workers-return-620.jpg ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေ မြဝတီ ကျောက်လုံးကြီးစခန်းကို ဇူလိုင်လ ၃ ရက်နေ့က ရောက်ရှိလာခဲ့စဉ်
Photo: Kyaw Lwin Oo/ RFA

ထိုင်းနိုင်ငံမှာ တရားမဝင် နိင်ငံခြားသား အလုပ်သမားတွေကို တင်းကြပ်စွာ အရေးယူသွားမယ်လို့ အစိုးရက ကြေညာထားတာကြောင့် အခုသီတင်းပတ်အတွင်း အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေ ခြောက်သောင်းကျော် ထွက်ခွာခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖေါ်ပြထားပါတယ်။

အဲဒီလို ပြန်ကြတဲ့အထဲမှာ မြန်မာတွေ အများဆုံးဖြစ်ပြီး မဲဆောက်မြို့က ပြန်သူချည်းပဲ သောင်းဂဏန်းရှိတဲ့အပြင် တခြားနယ်စပ်ဝင်ပေါက်တွေက ပြန်သွားသူတွေလဲ အများအပြားရှိတယ်လို့ ထိုင်း လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦး က ပြောပါတယ်။

ကမ္ဘောဒီးယားစစ်တပ် နယ်စပ်ရေးရာ အကြီးအကဲတစ်ယောက်ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ အလုပ်သမား ၅၀၀ ကျော် ဌာနေပြန်လာတယ်လို့ ပြောပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့က အလုပ်သမားတွေ အခုလို အစုအပြုံလိုက် ပြန်ကြတဲ့အတွက် ထိုင်းနိုင်ငံ ဆောက်လုပ်ရေးနဲ့ ငါးဖမ်းလုပ်ငန်း ရေထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အများအပြား ထိခိုက်နစ်နာမှုတွေ ရှိမယ်လို့လည်း ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။