တရားမဝင် မြန်မာနိုင်ငံသား ၂၉ ဦး ထိုင်းမှ မလေးရှားအကူး ဖမ်းဆီးမိ

ထိုင်းနဲ့ မလေးရှားနယ်စပ် ပါဒန်းဘီဆာ မြို့မှာ တရားမဝင် ဝင်ရောက်လာခဲ့ တဲ့ မြန်မာနိုင်ငံသား ၂၉ ယောက်ကို မလေးရှား လူမှောင်ခိုတိုက်ဖျက်ရေးတပ်ဖွဲ့က ဒီဇင်ဘာလ တစ်ရက်နေ့ညက ဖမ်းဆီးမိခဲ့တယ်လို့ မလေးရှားနိုင်ငံထုတ် The Sun Daily သတင်းစာက ဖေါ်ပြပါတယ်။

ထိုင်းနဲ့ မလေးရှားနယ်စပ် ပါဒန်းဘီဆာမြို့မှာ တရားမဝင် ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသား ၂၉ ယောက်ကို မလေးရှား လူမှောင်ခိုတိုက်ဖျက်ရေးတပ်ဖွဲ့က ဒီဇင်ဘာလ တစ်ရက်နေ့ညက ဖမ်းဆီးမိခဲ့တယ်လို့  မလေးရှားနိုင်ငံ ထုတ် The Sun Daily သတင်းစာက ဖေါ်ပြပါတယ်။

ဖမ်းမိသူတွေဟာ အသက် ၁၇ နှစ်က နေ ၅၂ နှစ်အထိ ရှိကြပြီး အမျိုးသမီးနှစ်ဦး ပါဝင်တယ်လို့ မလေးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့ဟာ နယ်စပ်တလျှောက်က တောလမ်းအတိုင်းလာခဲ့ကြပြီး နယ်စပ်စည်းရိုးကို ဖြတ်တောက် ဝင်ရောက်လာခဲ့ ကြတယ်လို့ ယုံကြည်ရကြောင်း၊ သူတို့မှာ တရားဝင် ခရီးသွားအထောက်အထား တစ်စုံတရာမပါကြကြောင်း လည်း ပြောပါတယ်။

စစ်ဆေးမေးမြန်းရာမှာ သူတို့ဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ ရနောင်းမြို့အထိ ကုန်းလမ်းခရီးကို နှစ်ရက် ကြာ ခြေလျင်လျှောက်ခဲ့ကြပြီး၊ ရနောင်းကနေ ဟတ်ရိုင်မြို့အထိ ၈ ရက်ခရီး၊ အဲ့ဒီကမှ ဘတ်စ်ကားနဲ့ ဆာဒေါင်းမြို့၊ ဆာဒေါင်းကနေ တောလမ်းခရီးနဲ့ မလေးရှားနိုင်ငံဘက်ကို ဝင်ရောက်လာခဲ့တယ်လို့ပြောကြောင်း သိရပါတယ်။

သူတို့ကို ခေါ်ဆောင်လာတဲ့ပွဲစားကို မလေးရှားအထိ လူတစ်ယောက်အတွက် မလေးရှားရင်းဂစ်ငွေ ငါးထောင်ပေးရတယ်လို့ ဆိုပါတယ်။

ပီနန်နဲ့ ကွာလာလမ်ပူမှာ ဆောက်လုပ်ရေး၊ စက်ရုံနဲ့ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ကိုင်ဖို့ လာခဲ့ကြ တာဖြစ်ကြောင်း။ သူတို့ထဲကတစ်ယောက်ဆိုရင် မြန်မာနိုင်ငံမှာ မလေးရှားဘာသာစကား ၆ လ သင်တန်း တက်ခဲ့ကြောင်း ပြောဆိုကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org