တရားမဝင် ရွှေတူးဖော်တဲ့ တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံ သား ၂၇ ဦးကို ဖမ်းဆီး

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် ဟွေ့ လှမ်းကျေးရွာမှာ တရားမဝင်ရွှေတူးဖော်နေ တဲ့ တရုတ်နိုင်ငံသား ၈ ဦး နဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို မနေ့က ဖမ်းဆီးရမိထားတယ်လို့ တာချီလိတ်မြို့မရဲစခန်း တာဝန်ရှိ သူတစ်ဦး က ပြောပါတယ်။

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် ဟွေ့လှမ်းကျေးရွာမှာ တရားမဝင်ရွှေတူးဖော်နေတဲ့ တရုတ်နိုင်ငံသား ၈ ဦးနဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို မနေ့က ဖမ်းဆီးရမိထားတယ်လို့ တာချီလိတ်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

တရားမဝင်ရွှေတူးဖော်နေတာကို တပ်မတော်စစ်ကြောင်းက တွေ့ရှိပြီး သတင်းပေးတာကြောင့် ပူးပေါင်းအဖွဲ့တွေနဲ့ သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဖမ်းမိထားသူတွေကို တာချီလိတ်မြို့မရဲစခန်းမှာ သတ္တုတွင်းဥပဒေနဲ့ အမှုဖွင့်အရေးယူထားပြီး စစ်ဆေး မှုတွေ ပြုလုပ်နေပါတယ်။

ဖမ်းဆီးရမိတဲ့ ၂၇ ဦးနဲ့အတူ ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ စက်ယန္တရားတွေကိုလည်း သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org