အကျဉ်းထောင်သုံးခု ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ လေ့လာခွင့်ရရှိ
မြန်မာနိုင်ငံက အကျဉ်းထောင် သုံးခုကို အိုင်စီအာစီ ကမ္ဘာ့ ကြက်ခြေနီ အသင်းကြီးက ဝင်ရောက် စစ်ဆေးခွင့် ရခဲ့တယ်လို့ အရှေ့၊ အရှေ့တောင် အာရှနဲ့ ပစိဖိတ် ဆိုင်ရာ ICRC ဆက်သွယ်ရေး အရာရှိ Philippe Marc Stoll က မနေ့က ပြောကြား ပါတယ်။
-
2011-07-07 -
-
-
ပြီးခဲ့တဲ့ ဇူလိုင်လ (၁) ရက်နဲ့ (၂) ရက်နေ့တွေက မော်လမြိုင်၊ ဖားအံနဲ့ မြောင်းမြထောင်တွေမှာ ရေသန့် ရရှိရေးနဲ့ မိလ္လာ စနစ် ကောင်းမွန်ရေး အတွက် အိုင်စီအာစီက ဝင်ရောက် စစ်ဆေးခဲ့တာလို့ Mr. Stoll က ပြောပါတယ်။
အဓိက ကြည့်ရှု စစ်ဆေးချင်တဲ့ အကျဉ်းထောင် သုံးခုက သောက်သုံးရေ သိုလှောင်တဲ့ အခြေအနေ၊ အကျဉ်းသားတွေ သောက်ရေ ဘယ်လို လက်ခံရရှိသလဲ၊ မိလ္လာစနစ် ကောင်းမွန်မှု ရှိမရှိ စတဲ့ နည်းပညာပိုင်း ဆိုင်ရာတွေကိုပဲ သွားရောက် ကြည့်ရှုခွင့် ရခဲ့တာပါလို့ သူက ပြောပါတယ်။
အိုင်စီအာစီ အနေနဲ့ ဆက်လက်ပြီးတော့ အခြား အကျဉ်းထောင်တွေ အပါအဝင် အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေတွေကိုပါ စစ်ဆေး ကြည့်ရှုခွင့် ရအောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
၂၀၀၅ ခုနှစ်မှာ စစ်အစိုးရက အိုင်စီအာစီကို ထောင်တွေ ဝင်ရောက် ကြည့်ရှု စစ်ဆေးခွင့် ပိတ်ပင် လိုက်ပြီးတဲ့နောက် ခြောက်နှစ်ကြာမှ အခုလို ကန့်သတ်ချက်တွေနဲ့ ပြန်လည် ဝင်ရောက် စစ်ဆေးခွင့်ပြုတာ ဖြစ်ပါတယ်။