ရေအားလျှပ်စစ် တိုးတက်ထုတ်လုပ်ရေး ဆွေးနွေးမည်
ရေအားလျှပ်စစ်ကဏ္ဍ ရေရှည်တိုးတက်ရေးအတွက် IFC- နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း နဲ့ မြန်မာနိုင်ငံက ဝန်ကြီးဌာနနှစ်ခုတို့ဟာ SEA လို့ခေါ်တဲ့ မဟာဗျူဟာမြောက် ပတ်ဝန်းကျင် ဆိုင်ရာ လေ့လာစိစစ်အကဲဖြတ်ချက် ဆွေးနွေးပွဲတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပတာ အပြီး သတ်သွားပြီး ရှေ့လကျရင် နေပြည်တော်မှာ အစိုးရအဆင့် ဆွေးနွေးပါမယ်။
-
2018-01-27 -
-
-
ရေအားလျှပ်စစ်ကဏ္ဍ ရေရှည်တိုးတက်ရေးအတွက် IFC- နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းနဲ့ မြန်မာ နိုင်ငံက ဝန်ကြီးဌာနနှစ်ခုတို့ဟာ SEA လို့ခေါ်တဲ့ မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာစိစစ် အကဲဖြတ်ချက် ဆွေးနွေးပွဲတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပတာ အပြီးသတ်သွားပြီး ရှေ့လ ကျရင် နေပြည်တော်မှာ အစိုးရအဆင့် ဆွေးနွေးပါမယ်။
ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့ဝင် IFC ၊ MOEE လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ MONREC သယံဇာတနဲ့ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ြကီးဌာနတို့ဟာ ဇန်နဝါရီ ၅ ရက်ကစပြီး မြစ်ကြီးနား၊ ထားဝယ်၊ ပဲခူး၊ ဘားအံ၊ တောင်ကြီး နဲ့ နေပြည်တော်မှာ အရပ်ဖက်အဖွဲ့စည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့စည်းတွေ၊ ပုဂ္ဂလိကကဏ္ဍနဲ့ အစိုးရတာဝန်ရှိ သူတွေနဲ့ တစ်လလုံးလုံး ဆွေးနွေးပွဲတွေလုပ်ခဲ့ပါတယ်။
အရင်ကစေ့စပ်ဆွေးနွေးတာတွေကို အခြေတည်ပြီး SEA အပြီးသတ်အစီရင်ခံစာ ပုံဖော်နိုင်ဖို့ ဆွေးနွေးတာလို့ ဆိုပါတယ်။
မြစ်နဲ့ ဂေဟစနစ်မပျက်ဘဲ ရေအားလျှပ်စစ်ထုတ်နိုင်တဲ့ အလားအလာကို မြန်မာနိုင်ငံဆိုင်ရာ SEA က အလေးထား တယ်လို့လည်း ပြောပါတယ်။
မြန်မာ့ရေအားလျှပ်စစ်ကဏ္ဍအတွက် သြစတြေးလျအစိုးရ အကူအညီနဲ့ IFC ဟာ သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၅ စက်တင်ဘာလကစပြီး မြန်မာအစိုးရကို အကူအညီပေးနေတယ်လို့ ဆိုပါတယ်။
ဒီ ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့ဝင် IFC ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပုဂ္ဂလိကကဏ္ဍတွေအတွက် သီးသန့်အလေးထား အကောင်အထည်ဖော်တဲ့ ကမ္ဘာလုံးဆိုင်ရာ အကြီးမားဆုံး ဖွံံ့ဖြိုးရေးအဖွဲ့ဖြစ်ပါတယ်။