လူ့အခွင့်အရေးကိစ္စအတွက် အမေရိကန် ကိုယ်စားလှယ် လာရောက်မည်

လူ့အခွင့်အရေးကိစ္စ ဆွေးနွေးဖို့အတွက် အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဌာန လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ Tom Malinowski နဲ့အဖွဲ့ဟာ ဒီကနေ့ မြန်မာ နိုင်ငံခရီးစဉ် စတင်မှာ ဖြစ်ကြောင်း AP သတင်းကဖေါ်ပြပါတယ်။

လူ့အခွင့်အရေးကိစ္စ ဆွေးနွေးဖို့အတွက် အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ Tom Malinowski နဲ့အဖွဲ့ဟာ ဒီကနေ့ မြန်မာ နိုင်ငံခရီးစဉ် စတင်မှာ ဖြစ်ကြောင်း AP သတင်းကဖေါ်ပြပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေရပ်တန့်နေတယ်လို့ ပြည်တွင်းပြည်ပ က ဝေဖန်နေကြချိန် အတွင်း အခုလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ခရီးစဉ်ပေါ်ပေါက်လာတာဖြစ် ပါတယ်။

သူ့ရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံကို ၁၀ ရက်ကြာရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေးအထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီ ရဲ့ ဒုတိယအကြိမ် မြန်မာပြည်ခရီးစဉ် နဲ့တိုက်ဆိုင်နေပါတယ်။

Tom Malinowski နဲ့အဖွဲ့ဟာ နေပြည်တော်မှာ ဗုဒ္ဓဟူးနေ့က စပြီး မြန်မာအစိုးရ အဖွဲ့ဝင်တွေနဲ့ နှစ်ရက် ကြာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ ဆွေးနွေးရာမှာ မြန်မာ နိုင်ငံရဲ့ ခေတ်နောက်ကျနေတဲ့ တရားရေး စနစ် ပြုပြင်ပြောင်းလဲရေး၊ တိုးတက်များပြား လာနေတဲ့ မြေသိမ်းယာသိမ်းပြဿနာ၊ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြကြသူတွေနဲ့ သတင်း သမားတွေကို ဖမ်းဆီးထိန်းသိမ်းနေတာ စတဲ့ကိစ္စတွေ ပါဝင်မယ်လို့ သိရပါတယ်။

Tom Malinowski ဟာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် မြောက်ပိုင်း ကိုသွားရောက်ပြီး ဒုက္ခသည် စခန်းတွေကို ကြည့်ရှုမှာဖြစ်ပါတယ်။

နေပြည်တော်မှာ အစိုးရနဲ့မဆွေးနွေးခင် ရန်ကုန်မြို့မှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်သလို၊ ဒေါ်အောင် ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

အဖွဲ့မှာလိုက်ပါလာမယ့် အမေရိကန်ပြည်ထောင်စု ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် တပ်မှူး ဒုဗိုလ်ချုပ်ကြီး Anthony Crutchfield ဟာလည်း မြန်မာစစ်တပ် ကိုယ်စားလှယ် တွေနဲ့တွေ့ဆုံပြီး စစ်ရေး နဲ့ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ ဆွေးနွေးမယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့ ပုံမှန်သံတမန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့ပြီးတဲ့ နောက် အခု ဒုတိယအကြိမ် လူ့အခွင့်အရေး ကိစ္စဆွေးနွေးမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org