ရှမ်းပြည်နယ်မှာ ကျင်းပတဲ့ HRDP သင်တန်း သတိပေးခံရ

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်က ရှမ်းပြည်နယ် ဖယ်ခုံမြို့မှာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်တာကို ဒေသခံအာဏာပိုင်တွေက တားမြစ်ပိတ်ပင်နေတယ် လို့သိရပါတယ်။

ူမန်မာိံိုင်ငံတြင် ပထမဆုံး ကဵင်းပိံိုင်ခဲ့သည့် လူႛအခြင့်အရေးနေႛ အခမ်းအနားကို ဘိုကလေး္ဘမိြႚတြင် ၂၀၀၆ ဒီဇင်ဘာ ၁၀ရက်နေႛက ကဵင်းပစဉ် မိန်ႛခြန်းေူပာုကားနေသော လူႛအခြင့်အရေးအဖြဲႚ ခေၝင်းဆောင် ဦးူမင့်အေး။ (Photo: RFA) (Photo: RFA)

နောက်ဆုံးကြေညာလိုက်တဲ့ သမ္မတရဲ့လွတ်ငြိမ်းသက်သာခွင့်နဲ့ပြန်လွတ်လာတဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်အဖွဲ့ခေါင်းဆောင် ဦးမြင့်အေး ဦးဆောင်ပြီး ကယားပြည်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းကမြို့တချို့မှာ လူ့အခွင့်အရေး ဆိုင်ရာဆွေးနွေးပွဲတွေကို တစ်နေရာ ၂ ရက်နှုန်းနဲ့ပြုလုပ်နေတာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ကတော့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်နဲ့အလုပ်ရုံဆွေးနွေးပွဲကို လွိုင်ကော်မြို့မှာအနှောက်အယှက်မရှိပဲ ပြုလုပ်နိုင်ခဲ့ပေမယ့်၊ ဒီနေ့တော့ ဖယ်ခုံမြို့ကဆွေးနွေးပွဲကို တားမြစ်စာပို့ခံရတာလို့ ဦးမြင့်အေးက ပြောပါတယ်။

ဒါပေမယ့် သူတို့ဆောင်ရွက်ချက်ဟာ လမ်းမပေါ်ထွက်ဆန္ဒပြတာမဟုတ်သလို၊ နိုင်ငံရေးပါတီတွေရဲ့စည်းရုံးလှုပ်ရှားမှုမျိုးလဲမဟုတ်တဲ့အတွက် အာဏာပိုင်တွေ တားမြစ်စာမှာဖေါ်ပြထားသလို ခွင့်ပြုချက်ယူစရာမလိုတဲ့အပြင် ဥပဒေနဲ့လဲငြိစွန်းတာမဟုတ်လို့ ဆက်ပြီးပြုလုပ်သွားမယ်လို့ ဦးမြင့်အေးကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org