ဘားအံမြို့နယ်မှာ လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦး ဒဏ်ရာရ

ဘားအံမြို့နယ် ရေအေးကျေးရွာထဲကို ဖေဖော်ဝါရီ ၁၅ ရက်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဖေဖော်ဝါရီလ ၁၈ မှာ သတင်းထုတ်ပြန်ပါတယ်။

ဘားအံမြို့နယ် ရေအေးကျေးရွာထဲ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံနှင့် အပျက်အစီးတချို့အား တွေ့ရစဉ်။ KNU

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ရေအေးကျေးရွာထဲကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖေဖော်ဝါရီလ ၁၈ ရက် မှာ သတင်းထုတ်ပြန်ပါတယ်။

ဖာပွန်မြို့နယ် ကမမောင်းမြို့ က စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ ၂၀၈ က လက်နက်ကြီးကျည် ခြောက်လုံး ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် အသက် ၃၅ နှစ်အရွယ် နော်ဆဲဝါး နဲ့ အသက် ၅၈ နှစ်အရွယ် နော်မပြားတို့ ဒဏ်ရာရရှိခဲ့တာပါ။

ဒီ့အပြင် နေအိမ် ခြောက်လုံးလည်း ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ ကရင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org