ကျန်းမာရေးဝန်ထမ်းတွေ လာဘ်စားရင် အရေးယူမယ်

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ ဝန်ထမ်းတွေ လာဘ်စားရင် တိုက်ရိုက် တိုင်ကြားနိုင်ကြောင်းနဲ့ တိုင်ကြားမှု မှန်ကန်ပါရင် အရေးယူသွားမှာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အာကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုလိုက်ပါ တယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေး စက်တင်ဘာလ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းချက်များ ကို ပြန်လည်ဖြေကြားစဉ် .

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေ လာဘ်စားရင် တိုက်ရိုက် တိုင်ကြားနိုင်ကြောင်းနဲ့ တိုင်ကြားမှု မှန်ကန်ပါရင် အရေးယူသွားမှာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အာကစားဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောဆိုလိုက်ပါတယ်။

ကြံခင်းမဲဆန္ဒနယ်က ဒေါက်တာထွန်းလင်းမော် မေးမြန်းတဲ့ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဝန်ထမ်းများရဲ့အပြောင်းအရွှေ့ဆိုင်ရာမူဝါဒများကို တရားမျှတမှုနဲ့ ဘက်လိုက်မှုကင်းစွာ စီစဉ်ထားခြင်းရှိ မရှိဆိုတဲ့ မေးခွန်းကို ပြန်လည်ဖြေဆိုရာမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေး က အခုလိုပြောဆိုသွားတာပါ။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အစိုးကို အပြန်အလှန် ထိန်းကျောင်းဖို့အတွက် လွှတ်တော်ရဲ့နည်းဥပဒေကို အသုံးပြုပြီး ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကို အသုံးချဖို့လိုအပ်ကြောင်း တိုက်တွန်းပြောဆိုသွားပါတယ်။

ဝန်ထမ်းတွေ ရာထူးအပြောင်းအရွှေ့ကိစ္စတွေမှာ မမျှတမှုတွေနဲ့ ဘက်လိုက်မှုတွေ ရှိနေတာကြောင့် ဝေး လံခေါင်သီတဲ့ဒေသတွေမှာ တာဝန်ထမ်းဆောင်လိုတဲ့ ဝန်ထမ်းတွေမရှိတာဖြစ်ကြောင်းလည်း ဒေါက်တာ ထွန်းလင်းမော်က ထည့်သွင်းပြောဆိုသွားပါတယ်။

အခု အစိုးရအသစ်လက်ထက် အခြေခံကျန်းမာရေးဝန်ထမ်းများ ပြောင်းရွှေ့ရာမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များ ကို ခက်ခဲတဲ့ဒေသအပါ်မူတည်ပြီး ကောင်း ၊ သင့် ၊ ညံ့ ခွဲကာ အနေကြာကာလတစ်ခု၊ လုပ်ငန်းစွမ်းဆောင်ရည်စတဲ့ အချက်တွေအပေါ်အခြေခံကာ အလှည့်ကျစနစ်နဲ့ ပြောင်းရွှေ့ရန် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း လည်း ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org