ဟားခါးမြို့ ယမ်းပေါက်ကွဲမှု အိမ်ရှင်ကို ဖမ်းဆီး

ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက် က နေအိမ်တစ်လုံးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ယမ်းပေါက်ကွဲပြီး လူ ၆ ဦး သေဆုံးခဲ့တဲ့အတွက် ပေါက်ကွဲမှုဖြစ်တဲ့ အိမ်ပိုင်ရှင်ကို ဟားခါးမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရ ပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက်မှာ နိုဝင်ဘာလ ၂၂ ရက်နေ့ညက ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့အိမ်တွေကို တွေ့ရစဉ် Photo: The Hakha Post Facebook

ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက်က နေအိမ်တစ်လုံးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ယမ်းပေါက်ကွဲပြီး လူ ၆ ဦး သေဆုံးခဲ့တဲ့အတွက် ပေါက်ကွဲမှုဖြစ်တဲ့ အိမ်ပိုင်ရှင်ကို ဟားခါးမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

နေအိမ်ပိုင်ရှင်ကို ပေါက်ကွဲမှုအက်ဥပဒေ ပုဒ်မ ၃ နဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ချင်းပြည်နယ် ဟားခါးမြို့နယ် ရဲတပ်ဖွဲ့က ရဲမှူးကြီး ခင်ဟာရန်းက ပြောပါတယ်။

"အိမ်ရှင်တစ်ယောက်ကိုတော့ ကျနော်တို့ အမှုနဲ့ဖမ်းထားတယ်၊ စစ်ဆေးတုန်းရှိသေးတယ် ဘာမှမပေါ်သေးဘူး ခင်ဗျ၊ ဖောက်ခွဲမှုအက်ဥပဒေပုဒ်မ ၃ နဲ့ မသင်္ကာလို့ဖမ်းထားပြီးတော့ စစ်ဆေးတုန်းရှိသေးတာပေါ့၊ အခုတော့ သူ့ဆီကလည်း ထူးခြားမှုမရှိဘူးပေါ့၊ သူနဲ့မသက်ဆိုင်ဘူးဆိုလို့ရှိရင်တော့ သူမဟုတ်ဘူးဆိုရင် သူဖြစ်နိုင်ချေ လည်း မရှိဘူးဆိုလို့ရှိရင် ပြန်လွှတ်ပေးပါ့မယ်ခင်ဗျ"

အဲ့ဒီပေါက်ကွဲမှုဖြစ်တုန်းက အိမ်ပိုင်ရှင်ဇနီးမောင်နှံ နှစ်ယောက်ဟာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကို ရောက် ရှိနေပြီး ပေါက်ကွဲမှုဖြစ်ပြီး နောက်တနေ့မှာ ဟားခါးကို ပြန်လည်ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနေအိမ်ကို ရောက်ရှိနေတဲ့ ဧည့်သည်အမျိုးသမီး ယူဆောင်လာတဲ့ ယမ်းတွေ ပေါက်ကွဲတာဖြစ်ပြီး နေအိမ် မှာရှိတဲ့ လူ ၆ဦး သေဆုံးခဲ့ပြီး ၇ ဦး ဆေးရုံတင်ထားရပါတယ်။

အဲ့ဒီဧည့်သည်အမျိုးသမီးဟာ အရင်ကလည်း တရားမဝင် ပေါက်ကွဲစေတဲ့ပစ္စည်းတွေနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် သုံးနှစ် ချမှတ်ခံထားရာကနေ အယူခံနဲ့ ပြန်လည်လွတ်မြောက်လာသူဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org