လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်းအတွက် အစိုးရနဲ့ ESCAP ဆွေးနွေး

မြန်မာလူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ မြန်မာ့အင်တာနက် ဆက်သွယ်ရေး နည်းပညာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ဖန်တီးရေးအတွက် သမ္မတ ဦးသိန်းစိန်ရဲ့ အစီအစဉ်သစ်ကို ကုလသမဂ္ဂ အာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် ESCAP က နေပြည်တော်မှာ မနေ့ကကျင်းပခဲ့တဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး ကော်ပိုရေးရှင်း ဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ ကြေညာခဲ့ပါတယ်။

နေပြည်တော် MICC မှာ ဇန်နဝါရီလ ၂၇ ရက်နေ့ကကျင်းပ တဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို မြင်ရစဉ် photo: President Office Website

မြန်မာလူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့  မြန်မာ့အင်တာနက် ဆက်သွယ်ရေး နည်းပညာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ဖန်တီးရေးအတွက် သမ္မတ ဦးသိန်းစိန်ရဲ့ အစီအစဉ် သစ်ကို ကုလသမဂ္ဂ အာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် ESCAP က နေပြည်တော်မှာ မနေ့ကကျင်းပခဲ့တဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွဲ့ဖြိုးတိုး တက်ရေး ကော်ပိုရေးရှင်း ဆွေးနွေး ပွဲ နောက်ဆုံးနေ့မှာ ကြေညာခဲ့ပါတယ်။

အဲဒီ သတင်းနည်းပညာစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ပထမဆင့်မှာ မြန်မာနိုင်ငံက ထူးချွန်တဲ့ သတင်းနည်းပညာသမားတွေ၊ စွန့်ထွင်လုပ်ငန်းရှင် ၂၅ ယောက်ကို အိန္ဒိယနိုင်ငံ မိုက်ဆိုးမြို့မှာ သီတင်း ၁၂ ပတ် အဆင့်မြင့်သင်တန်းတွေ ပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် e-government ခေါ် အင်တာနက်ကတဆင့် အစိုးရလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံ တကာနဲ့ ချိတ်ဆက်ပြီး အင်တာနက်ကုမ္ပဏီတွေ တည်ထောင်နိုင်ရေးအတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။

ဒီအစီအစဉ်မှာ ESCAP၊ Infosys၊ အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org