အစိုးရ ကတိပြုထားတဲ့ စီမံကိန်းလွှတ်တော်အမတ်များ ကြည့်ရှု
လွှတ်တော်အစည်းအဝေးတွေမှာ အစိုးရတာဝန်ရှိသူတွေက အကောင် အထည်ဖော်ဆောင်ရွက်မယ်လို့ ကတိပေးထားတဲ့ စီမံကိန်းတွေထဲက လုပ်ငန်းပြီးစီးတဲ့ အခြေအနေတွေ ကို ပြည်သူ့လွှတ်တော်ကဖွဲ့ထားတဲ့ အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ကွင်းဆင်းလေ့လာနေပါတယ်။
-
2013-09-22 -
-
-
လွှတ်တော်အစည်းအဝေးတွေမှာ အစိုးရတာဝန်ရှိသူတွေက အကောင်အထည်ဖော်ဆောင်ရွက်မယ်လို့ ကတိပေးထားတဲ့ စီမံကိန်းတွေထဲက လုပ်ငန်းပြီးစီးတဲ့ အခြေအနေတွေကို ပြည်သူ့လွှတ်တော်ကဖွဲ့ထားတဲ့ အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ကွင်းဆင်းလေ့လာနေပါတယ်။
အဲ့ဒီလို ကွင်းဆင်းလေ့လာရာမှာ သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူတွေဘက်က ပူးပေါင်းဆောင်ရွက်တာတွေရှိတယ်လို့ ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက ပြောပါတယ်။
ကော်မတီဝင် ဦးဝင်းသန်းတို့အဖွဲ့က ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့က စီမံကိန်းတွေကို လေ့လာနေတာဖြစ်ပါတယ်။
ကော်မတီဝင် ဦးဝင်းသန်းတို့အဖွဲ့က ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့က စီမံကိန်းတွေကို လေ့လာနေတာဖြစ်ပါတယ်။
အဲ့ဒီအစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင်တွေဟာ အဖွဲ့ ၄ ဖွဲ့ခွဲပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုမှာ ကွင်းဆင်းလေ့လာနေတာဖြစ်ပါတယ်။ စစ်ဆေးတွေ့ရှိခဲ့တာတွေကို လာမယ့်အောက်တိုဘာလမှာကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ ကော်မတီရဲ့အစီရင်ခံစာကို တင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။