လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ မလုပ်ကြဖို့ အစိုးရကော်မရှင် တောင်းဆို

လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တပ်သားသစ်စုဆောင်းခြင်းတွေ မပြုလုပ်ကြဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်က မနေ့က မတ်လ ၂၈ ရက်မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ကချင်ဒုက္ခသည်တွေ ကို တွေ့ရစဉ် Photo: KIO

လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ကချင်ပြည်နယ်အတွင်း  လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တပ်သားသစ် စုဆောင်းခြင်းတွေ မပြုလုပ်ကြဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မနေ့က မတ်လ ၂၈ ရက်မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ကချင်ပဋိပက္ခနယ်မြေအတွင်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရတပ်တွေက ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ တပ်သားစုဆောင်းတာတွေနဲ့ ဆက်ကြေးကောက်ယူတာတွေ စုံစမ်းတွေ့ရှိတဲ့အပြင် တွေ့ရှိခဲ့ရတဲ့အတွက်  အခုလိုတောင်းဆို ရတာဖြစ်ကြောင်း ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

ဒါ့အပြင် ကချင်စစ်ပြေး ဒုက္ခသည်တွေထံ  လူသားချင်းစာနာမှု အကူအညီတွေပေးရာမှာ အစိုးရထိန်းချုပ်နယ်မြေအတွင်းသာ ပို့ဆောင်နိုင်တာကြောင့် နယ်စပ်ဒေသက ဒုက္ခသည်တွေထံ အကူအညီတွေ လုံခြုံချောမွေ့စွာ ပို့ဆောင်နိုင်ဖို့အတွက်လည်း ဖြေရှင်းပေးဖို့ ကော်မရှင်က တိုက်တွန်းထားပါတယ်။

ဒုက္ခသည်တွေ နေရပ်ချောမွေ့စွာ ပြန်နိုင်ရေးအတွက် အဓိကမိုင်းရှင်းလင်းရေး ပြုလုပ်ဖို့လိုကြောင်း နဲ့ ဒေသခံတွေကို မိုင်းအသိပညာ ပေးသင့်ကြောင်းလည်း ကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ ကချင်ပြည်နယ်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်ကလည်း ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org