တောင်ဒဂုံမှာကျူးကျော် စာရင်းကောက်မည်

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ညွှန်ကြားချက်နဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ မနက်ဖြန်ကစပြီး ကျူးကျော်နေထိုင်သူတွေ စာရင်း လိုက်လံကောက်ယူမယ်လို့ တိုင်းလွှတ်တော်ကိုယ် စားလှယ် က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အနီး နေအိမ် ၁၅ဝ ကျော်ကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ရှင်းလင်းခဲ့စဉ် Photo:Aung Thain Kha/RFA

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ညွှန်ကြားချက်နဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ မနက်ဖြန်ကစပြီး ကျူးကျော်နေထိုင် သူတွေစာရင်း လိုက်လံကောက်ယူမယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် က ပြောပါတယ်။

စာရင်းကောက်သူ ၄၈ ဦးနဲ့ စကောက်မှာဖြစ်တယ်လို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောပါတယ်။

"ရပ်ကွက် ၃၂ ရပ်ကွက်ရှိပေမယ့် အုပ်ချုပ်ရေးမှူးတွေရဲ့စာရင်းအရ ရပ်ကွက် ၂၀ က အိမ်ထောင်စု ၃၈၀၀ မှာ စကောက်မှာ။ တိုင်းဒေသကြီးအစိုးရရဲ့စီမံချက်ဖြစ်တဲ့ အတွက် ခရိုင်မှာ သင်တန်းပေးတယ်၊ ကောက်တဲ့ အဖွဲ့တွေကို ဘယ်အချက်တွေ၊ ဘယ်အချက်တွေနဲ့ ကောက်မယ်ဆိုတာ သင်တန်းပေးတယ် အယောက် ၃၀ ၊ ကွန်ပျူတာနဲ့ စာရင်းသွင်းတာ ၁၈ ယောက်၊ အဲ့ဒီ ၄၈ ယောက်နဲ့ စကောက်မှာပေါ့" လို့ ဦးသိန်းနိုင် က ပြောတာဖြစ်ပါတယ်။

ကျူးကျော်နေထိုင်သူစာရင်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အရင်စာရင်း ကောက်ယူပြီး မြို့နယ်အုပ် ချုပ်ရေးမှူးထံ တင်ပြကြတာ ဖြစ်ပါတယ်။ အဲ့ဒီစာရင်းတွေအရ ခရိုင်အဆင့်က စေလွှတ်တဲ့ အဖွဲ့က အသေးစိတ် စာရင်းကောက်ယူမှာ ဖြစ်ပါတယ်။

စာရင်းစတင်ကောက်ယူတဲ့နေ့ကစပြီး ၁၅ ရက်အတွင်း အပြီးကောက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွား ရမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org