ဗိုလ်မှူးဘရှင် မွေးနေ့အကြို ဂုဏ်ပြုအခမ်းအနား ကျင်းပ
မြန်မာ့သမိုင်းပညာရှင် ဗိုလ်မှူးဘရှင် နှစ် ၁၀၀ ပြည့် မွေးနေ့အကြို ဂုဏ်ပြုအခမ်း အနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ မှာ ဒီနေ့ညနေပိုင်းက ကျင်းပခဲ့ပါတယ်။
-
2015-01-24 -
-
-
Your browser doesn’t support HTML5 audio
မြန်မာ့သမိုင်းပညာရှင် ဗိုလ်မှူးဘရှင် နှစ် ၁၀၀ ပြည့် မွေးနေ့အကြို ဂုဏ်ပြုအခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ညနေပိုင်းက ကျင်းပခဲ့ပါတယ်။
ဗိုလ်မှူးဘရှင် မွေးနေ့အကြို အခမ်းအနားကို ရည်ရွယ် ချက် ၈ ခုနဲ့ ကျင်းပတာဖြစ်ကြောင်း နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့က ကိုထွန်းကြည်က ပြောပါတယ်။
"တိုင်းရင်းသား တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ရေရှည်တည်တံ့ခိုင်မြဲမယ့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဘာသာပေါင်းစုံ အပြန်အလှန် လေးစားချစ်ခင်ရေးနဲ့ သဟဇာတဖြစ်ရေး၊ လူနည်းစုဘာသာဝင်များကို ဖိနှိပ်မှုများ၊ အမုန်းတရားများ ခွဲခြားဆက်ဆံမှုများအား ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ လူူ့အခွင့်အရေး အပြည့်အဝ ရရှိရေး ဦးတည်ချက်တွေနဲ့ ဒီအခမ်းအနားကို ကျင်းပ မှာဖြစ်ပါတယ်"
ဗိုလ်မှူးဘရှင်ဟာ ခေတ်သစ်မာဃ၊ မြန်မာ့နိုင်ငံ ကျေးလက်ပြုပြင်ရေးစာတမ်း၊ မြန်မာနိုင်ငံသမိုင်း၊ ပုဂံမင်စာစု၊ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ သမိုင်းစာတမ်းနဲ့ အနော်ရထာ၊ အရင်က မြန်မာနိုင်ငံ စတဲ့စာအုပ်တွေကို ရေးသားခဲ့ပါတယ်။
အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့သူ့ကို ၁၉၁၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ပျဉ်းမနားမြို့ ရွာကောက်ရပ်မှာ မွေးဖွားခဲ့ပြီး ၁၉၇၀ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
ဒီကနေ့အခမ်းအနားမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်၊ စာရေးဆရာမ မသီတာ(စမ်းချောင်း)၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျနဲ့ သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာခင်မောင်ညွန့်တို့က ဗိုလ်မှူးဘရှင်ရဲ့အကြောင်းတွေကို ဂုဏ်ပြုပြောကြားခဲ့ပါတယ်။
အခမ်းအနားကို နိုင်ငံပါတီကခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေအပါအဝင် စုစုပေါင်း ၅၀၀ နီးပါးတက်ရောက်ခဲ့ကြပါတယ်။
ဒီအခမ်းအနားအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။