ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်ကို အလုပ်ကြမ်းနဲ့ ထောင် ၆ လ ချမှတ်
တရားမဝင်နယ်စပ်ဖြတ်ကျော်မှု နဲ့ အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်ကို မန္တလေး တိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် တရားရုံးက ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆လ ချမှတ်လိုက်ပါတယ်။
-
2016-04-26 -
-
-
တရားမဝင်နယ်စပ်ဖြတ်ကျော်မှု နဲ့ အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်ကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် တရားရုံးက ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။
ချုပ်ရက်တွေကို ထည့်သွင်းခံစားခွင့်ပေးတဲ့အတွက် ၃ လလောက်သာ အကျဉ်းထောင်ထဲမှာ နေထိုင်ရမှာဖြစ် တာကြောင့် အယူခံဆက်တက်မှာ မဟုတ်ကြောင်း ဦးညီညီလွင်ရဲ့ အမဖြစ်သူ မလွင်လွင်မြင့်က ပြောပါတယ်။
"ကျမတို့အနေနဲ့ကျတော့ ဒီထောင် ၆ လကိုပဲ ခံစားလိုက်တော့မယ်၊ အယူခံ ထပ်မတက်တော့ဘူး၊ အယူခံထပ်တက်ရင် ကျမတို့လူကအထဲမှာနာမှာစိုးတယ်၊ အယူခံချိန်ကကြာနေရင် ထောင် ၆ လ ထပ်ကြာသွားမှာ၊ နောက်တစ်ခုကထောင်ထဲမှာ ချုပ်ရက်က ၃ လနဲ့ ၇ ရက်ရှိနေပြီပေါ့လေ၊ အဲ့တော့ သိပ်ကြာကြာတော့နေ ရမှာမဟုတ်ဘူး"
ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်ဟာ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းမှာ ဦးဆောင်ခဲ့တဲ့ သံဃာတစ်ပါးဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က လွတ်မြောက်ချိန်မှာ လူဝတ်လဲပြီး ထိုင်းနိုင်ငံမှာ သွားရောက်နေထိုင်ခဲ့တာဖြစ်ပါတယ်။
တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃(၁) နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ဦးညီညီလွင်ဟာ ကျန်းမာရေးမကောင်းတာကြောင့် အာမခံပေးဖို့ ၃ ကြိမ်လောက် လျှောက်ထားခဲ့ပေမယ့် ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။