လွပ်လပ်မှုအခြေအနေ အပြောင်းအလဲသိပ်မရှိလို့ Freedom House အဖွဲ့ပြော

ကမ္ဘာတဝှမ်း တနိုင်ငံချင်းစီအလိုက် လွတ်လပ်မှုစောင့်ကြည့်နေတဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂၀၁၄ ခုနှစ်အစီရင်ခံ မှာ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကဏ္ဍတချို့မှာ တိုးတက်မှုရှိလာတာတွေ့ရပေမယ့်၊ အခြေအနေ တရပ်လုံးကို ကြည့်ရင်တော့ အပြောင်းအလဲသိပ်မရှိဘူး လို့ဖေါ်ပြလိုက်ပါတယ်။

ရန်ကုန်မြို့ တိုင်းတရားရုံးချုပ်ရှေ့မှာ ပုဒ်မ ၁၈ အပါအဝင် မတရားတဲ့ ဥပဒေပုဒ်မတွေ ဖျက်သိမ်းပေးရေး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ပြီး အဖွဲ့အစည်း ၅၉ ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့က ဆန္ဒပြနေစဉ် photo: RFA/ Myo Zaw Ko

ကမ္ဘာတဝှမ်း တနိုင်ငံချင်းစီအလိုက် လွတ်လပ်မှုစောင့်ကြည့်နေတဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂၀၁၄ ခုနှစ်အစီရင်ခံမှာ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကဏ္ဍတချို့မှာ တိုးတက်မှုရှိလာတာတွေ့ရပေမယ့်၊ အခြေအနေတရပ်လုံးကို ကြည့်ရင်တော့ အပြောင်းအလဲသိပ်မရှိဘူးလို့ဖေါ်ပြလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ Freedom House အဖွဲ့ရဲ့ အာရှတိုက်ဆိုင်ရာသုတေသီ မစ္စဆယ်ရာကွတ်ခ် Sarah Cook ကို RFA ကမေးမြန်းရာမှာ သူက မြန်မာနိုင်ငံရဲ့ လွပ်လပ်မှုအခြေအနေ တခုလုံးကိုခြုံကြည့်မယ်ဆိုရင် အပြောင်းအလဲသိပ်မရှိတာ တွေ့ရပါတယ်။ ကဏ္ဍတခုဆီအလိုက် လေ့လာကြည့်ရင်တော့ တချို့နေရာတွေမှာ အပြောင်းအလဲရှိပါတယ်။ ဥပမာ လူမှုအခြေပြုအဖွဲ့တွေ ဖွဲ့စည်းလုပ်ကိုင်ခွင့်ရလာတာ၊ စုဝေးစည်းရုံးခွင့်ရလာတွေရှိပါတယ်။ ဒါပေမယ့် တဘက်မှာလဲ တရားမဝင် စီတန်းလှည့်လည်မှုတွေနဲ့ အရေးယူထားတဲ့ဖြစ်ရပ်တွေလည်း တွေ့ရပါတယ်လို့ မစ္စဆယ်ရာကွတ်ခ် Sarah Cook ပြောသွားတာပါ။

Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ Political Rights ခေါ် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေနဲ့ Civil Liberties ခေါ် လူမှုရေးအရ လွပ်လပ်မှုတွေဆိုပြီး အမျိုးအစားနှစ်မျိုး ခွဲခြားထားပါတယ်။ လွတ်လပ်မှုအနည်းအများကို အဆင့် ၁ ကနေ ၇ ထိသတ်မှတ်ထားပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးအခြေအနေကို အဆင့် ၆ ၊ လူမှုရေးလွတ်လပ်မှုကို အဆင့် ၅ အနေနဲ့ ဖေါ်ပြထားပါတယ်။

အခုထွက်ရှိလာတဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာမှာ အပြည့်အဝလွတ်လပ်တဲ့နိုင်ငံက ၈၈ နိုင်ငံ၊ တစိတ်တဒေသ လွတ်လပ်တဲ့နိုင်ငံက ၅၉ နိုင်ငံနဲ့ မလွတ်လပ်သေးတဲ့နိုင်ငံက ၄၈ နိုင်ငံ ရှိတယ်လို့ဖေါ်ပြထားပြီး၊ မြန်မာနိုင်ငံကိုတော့ မလွတ်လပ်သေးတဲ့ နိုင်ငံတွေစာရင်းထဲမှာ ထည့်သွင်းဖေါ်ပြထား ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org