မြန်မာကို နိုင်ငံခြားသား လာရောက်မှု ၁၈ ရာခိုင်နှုန်း မြင့်တက်
မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့ အစည်းတွေက ဝိုင်းဝန်းပြစ်တင်ပြောဆိုနေကြပေမယ့် မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားအရေအတွက် ကျဆင်းမသွားဘဲ မနှစ်ကထက် ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ပြောပါတယ်။
-
2018-02-22 -
-
-
တောင်ကြီးမြို့မှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က နိုင်ငံခြားသားခရီးသည်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA
မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေက ဝိုင်းဝန်းပြစ်တင်ပြောဆိုနေကြပေမယ့် မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားအရေအတွက် ကျဆင်းမသွားဘဲ မနှစ်ကထက် ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ပြောပါတယ်။
၂၀၁၆ ခုနှစ်က ပြည်ပခရီးသည်အရေအတွက် ၂.၉ သန်း လာရောက်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ်မှာ ၃.၅ သန်း နီးပါး လာရောက်ခဲ့လို့ ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ဖေါ်ပြပါတယ်။
၁၉၉၅ ခုနှစ်က ပြည်ပခရီးသည် နှစ်သောင်းတစ်ထောင်သာ ရှိခဲ့ပါတယ်။