JCK အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၃၀၀ ကျော် ပိတ်လှောင်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ စက်မှုဇုန် ၁ မှာရှိတဲ့ တရုတ်နိုင်ငံသား ပိုင် ဂျေစီကေ JCK အထည်ချုပ် စက်ရုံမှာ မနေ့ညပိုင်းက အချိန်ပိုမဆင်းချင်တဲ့ အလုပ်သမား ၃၀၀ လောက်ကို စက်ရုံတာဝန်ရှိသူတွေက စက်ရုံထဲမှာ တစ်နာရီကျော်ကြာ ပိတ်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာစက်မှုဇုန် ၁ မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဂျေစီကေ JCK အထည်ချုပ် စက်ရုံမှာ မနေ့ညပိုင်းက အချိန်ပိုမဆင်းချင်တဲ့ အလုပ်သမား ၃၀၀ လောက်ကို စက်ရုံတာဝန်ရှိသူတွေက စက်ရုံထဲမှာ တစ်နာရီကျော်ကြာ ပိတ်ထားတယ်လို့ သိရပါတယ်။

စက်ရုံမှူးက အချိန်ပိုမဆင်းနိုင်ရင် အလုပ်ထွက်ရမယ်လို့ ခြိမ်းခြောက်ပြောဆိုတယ်လို့ မနေ့က စက်ရုံထဲမှာ ပိတ်ခံခဲ့ရတဲ့ ဂျေစီကေ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

"မဆင်းချင်ဘူးလို့ပြောတဲ့ဟာကို မရဘူး အတင်းဆင်းခိုင်းတာပဲ၊ အလုပ်သမားရုံးကလူတွေရောက်လာပြီး သူတို့ကမဆင်းချင်ဘူးလားတဲ့၊ မဆင်းချင်လို့ရှိရင် ဖယ်ရီကားနဲ့ ပြန်ပို့ဖို့လုပ်ခိုင်းတဲ့၊ အဲ့ဒါကို ဂိတ်မှူးတွေကလည်း တံခါးဖွင့်မပေးဘူး၊ တရုတ်တွေကလည်း အပြင်ကိုပေးမလွှတ်ဘူး၊ သူတို့ကမဆင်းလို့ရှိရင် နောက်နေ့မနက်ကျရင် အလုပ်မလာတော့နဲ့လို့ပြောတာ၊ "

အဲဒီစက်ရုံမှာ ပုံမှန်အလုပ်ချိန်ဟာ မနက် ၈ နာရီကနေ ညနေ ၆နာရီခွဲအထိဖြစ်ပြီး ညဘက်အချိန်ပိုဟာ ည ၁၀ နာရီအထိဖြစ်ကြောင်း အလုပ်သမားတွေက ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီးဌာနက စစ်ဆေးရေးမှူး ဦးကျော်ကျော်ထွန်း က မနေ့ညက ဂျေစီကေ စက်ရုံမှာဖြစ်ပွားခဲ့တဲ့ ပြဿနာကို အလုပ်ရုံနဲ့ အလုပ်သမားစစ်ဆေးရေး ဦးစီးဌာနက သွားရောက်စစ်ဆေးမှာဖြစ်ပြီး တရားဥပဒေနဲ့မညီရင် အရေးယူသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အလုပ်သမားဥပဒေအရ အလုပ်ရှင်က တစ်နေ့ အလုပ်ချိန် ၈ နာရီအပြင် အချိန်ပိုခေါ်မယ်ဆိုရင် စက်ရုံအလုပ်သမားတွေရဲ့ သဘောတူညီချက်ရှိဖို့ လိုအပ်ပြီး အလုပ်သမားဝန်ကြီးဌာနထံ တင်ပြရမယ်လို့ သိရပါတယ်။

ရွှေပြည်သာစက်မှုဇုန် ၁ မှာရှိတဲ့ ဂျေစီကေ အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့နှစ်ဇွန်လမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အလုပ်သမား တစ်ထောင်ခန့်ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org