ကုမ္ပဏီ ငါးကန်တူးဖော်နေတာကို လယ်သမားများကန့်ကွက်ဆန္ဒပြ
ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ နယ် ဂေါ့ကျေးရွာအုပ်စုက လယ်ယာမြေ ဧက ၁၀၀ ကျော်မှာ "နေလင်းနဲ့သားများ" ကုမ္ပဏီက ငါးကန်တူးဖော်နေတာကို ကန့်ကွက်ကြောင်း လယ်သမား တစ်ရာနီးပါးက ဥက္ကံမြို့ ဘောလုံးအားကစား ကွင်းမှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
-
2014-12-18 -
-
-
ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့နယ် ဂေါ့ကျေးရွာအုပ်စုက လယ်ယာမြေဧက ၁၀၀ ကျော်မှာ "နေလင်းနဲ့သားများ" ကုမ္ပဏီက ငါးကန်တူးဖော်နေတာကို ကန့်ကွက်ကြောင်း လယ်သမား တစ်ရာနီးပါးက ဥက္ကံမြို့ ဘောလုံးအားကစား ကွင်းမှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
မြို့နယ်အုပ်ချုပ်ရေးရုံးက ငါးကန်တူးဖော်နေတာကို တားမြစ်ထားပေမဲ့ ကုမ္ပဏီက ဆက်လက်တူးနေတာကြောင့် အခုလို ဆန္ဒပြကန့်ကွက်တာဖြစ်တယ်လို့ လယ်သမား ဦးမျိုးအောင်က ပြောပါတယ်။
"ဒီနေ့ချိန်ကျမှ စက်ယန္တရားအင်အား ၃ စီးကို တစ်စုံတစ်ရာခွင့်ပြုချက် တောင်းခံ ထားခြင်းမရှိဘူး သက် ဆိုင်ရာအာဏာပိုင်ကနေ တရားဝင်တားတယ် မရဘူး ပြည်သူတွေနဲ့ ကုမ္ပဏီနဲ့ ထိပ်တိုက်မဖြစ်အောင် ဆိုပြီးတော့ တူးနေတဲ့နေရာထိ တားထားပေ မယ့် ဒီနေ့ချိန်ထိဆက်ပြီးတော့တူးနေတယ်၊ သက်ဆိုင်ရာ အာဏာပိုင်တွေ အဖွဲ့အစည်း မှ တရားစွဲဆိုတာတွေ မလုပ်သေးတဲ့အတွက် ဒေသခံတောင်သူလယ် သမားတွေ အကျိုးစီးပွားအတွက် ဆန္ဒထုတ်ဖော်ပွဲကို ဒီနေ့ကျင်းပပြုလုပ်ပါတယ်"
"နေလင်းနဲ့သားများ" ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ငါးကန်လုပ်ပိုင်ခွင့် ရရှိခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်နောက်ပိုင်း ဆက်လက် လုပ်ကိုင် ခြင်းမရှိတဲ့အတွက် အဲဒီလယ်ယာမြေဧက ၁၀၀ ကျော်ကို လယ် သမားတွေက မြေယာပိုင်ဆိုင်ခွင့် ပုံစံ ၇ လျှောက်ထားခဲ့ပြီး လုပ်ကိုင်နေကြ တာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး အဲဒီဧက ၁၀၀ ကျော်မှာ ကုမ္ပဏီက ငါးကန်ပြန်လည် တူးဖော်နေတဲ့အတွက် လယ်ယာမြေ ပိုင်ဆိုင်ခွင့် ပုံစံ ၇ ရရှိထားပြီးသူတွေနဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေတာဖြစ်ပါတယ်။
အဲ့ဒီလိုအငြင်းပွားနေတာကြောင့် ငါးကန်တူးဖော်နေတာကို ရပ်ဆိုင်းထားဖို့ မြို့နယ်အုပ်ချုပ်ရေးရုံးက တားမြစ်ထား တာဖြစ်တယ်လို့ သိရပါတယ်။