ပထမဆုံး စက်မှုဇုန် အလုပ်သမား သမဂ္ဂ ဖွဲ့စည်း
အလုပ်သမားအခွင့်အရေး ရပိုင်ခွင့်တွေ အတွက် လှုပ်ရှား ဆောင်ရွက်ဖို့ မြန်မာနိုင်ငံ စက်မှုဇုန် အလုပ်သမား သမဂ္ဂကို မနေ့က ရန်ကုန်မြို့မှာ စတင်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
-
2011-11-28 -
-
-
ရန်ကုန်မြို့ရှိ အထည်စက်ရုံတခုတွင် အလုပ်သမားများကို နေ့လည်စာ စားချိန် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
စက်မှုဇုန်တွေမှာ အလုပ်သမား အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ အတွက် ရည်ရွယ်ချက်တူ အလုပ်သမားတွေ စုစည်းပြီး အမှုဆောင် ၁၅ ဦး နဲ့ သမဂ္ဂ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်က လာတဲ့ Burma VJ Network သတင်းမှာ ဖော်ပြထားပါတယ်။
ဒီသမဂ္ဂအဖွဲ့ကနေ အခြေခံလစာ တိုးမြှင့်ပေးဖို့၊ အလုပ်ချိန် ၈ နာရီ အတိအကျ သတ်မှတ်ပေးဖို့၊ အချိန်ပိုကြေးကို တရားဝင် သတ်မှတ်ပေးဖို့ အဓိက တောင်းဆိုသွားမယ်လို့ သိရပါတယ်။
လောလောဆယ် အနေနဲ့ လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့ စက်မှုဇုန်တွေက အလုပ်သမား အခွင့်အရေး ဆုံးရှုံးနေရသူတွေ အတွက် ဆောင်ရွက်မှာ ဖြစ်ပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စက်မှုဇုန် အလုပ်သမားတွေ ကနေ တဆင့် ကာယ၊ ဉာဏ အလုပ်သမားတွေရဲ့ အခွင့်အရေး အထိပါ တိုးမြှုှင့် တောင်းဆိုသွားမှာ ဖြစ်တယ်လို့ည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ စက်မှုဇုန် အလုပ်သမားများ သမဂ္ဂကို ဒီကနေ့ နိုဝင်္ဘာ ၂၈ ရက်မှာ တရားဝင် အဖွဲ့အစည်း အဖြစ် မှတ်ပုံတင်မယ်လို့ သိရပါတယ်။