ပေါက်တောမှာ မွတ်စလင် ဒုက္ခသည်စခန်း မီးလောင်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အတွင်းမှာရှိတဲ့ ငှက်ချောင်း မွတ်စလင် ဒုက္ခသည်စခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက မီးလောင်ကျွမ်းခဲ့တာကြောင့် ဒုက္ခသည်တွေနေထိုင်တဲ့ ၈ ခန်းတွဲ တန်းလျားပေါင်း ၃၄ လုံး မီးလောင်ဆုံးရှုံး ခဲ့ကြောင်း ပေါက်တောမြို့နယ် ရဲအရာရှိတစ်ဦးက RFA ကို ပြောကြားပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း မွတ်စလင်ဒုက္ခသည်စခန်းမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က မီးလောင်ကျွမ်းခဲ့တဲ့အိမ်တွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းမှာရှိတဲ့ ငှက်ချောင်း မွတ်စလင် ဒုက္ခသည်စခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက မီးလောင်ကျွမ်းခဲ့တာကြောင့် ဒုက္ခသည်တွေနေထိုင်တဲ့ ၈ ခန်းတွဲ တန်းလျားပေါင်း ၃၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပေါက်တောမြို့နယ် ရဲအရာရှိတစ်ဦးက RFA ကို ပြောကြားပါတယ်။

ငှက်ချောင်းဒုက္ခသည်စခန်းမှာ နေ့လည် ၁၂ နာရီလောက်က မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ညနေ ၃  နာရီလောက်အကြာမှာ မီးငြိမ်းသွားခဲ့ကြောင်း အဲဒီရဲအရာရှိက ပြောပါတယ်။

အဲဒီ ငှက်ချောင်း မွတ်စလင် ဒုက္ခသည်စခန်းမှာ ပေါက်တောမြို့နယ် ချီးပိုက်ရွာသစ်နဲ့ ချီးပိုက်ရွာဟောင်းက မွတ်စလင်တွေ အများစုနေထိုင်ကြတာဖြစ်ပြီး ဒုက္ခသည်တန်းလျားပေါင်း ၈၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အဲဒီစခန်းမှာ လူဦးရေဘယ်လောက်ရှိသလဲ ဆိုတာလည်း မသိရသေးကြောင်း၊ အခုလောလောဆယ်မှာ မီးလောင်ခံရတဲ့ ဒုက္ခသည်တွေအတွက် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ကူညီပေးနေတယ်လို့လည်း အဲဒီရဲအရာရှိကပြောပါတယ်။


အဲဒီမီးကြောင့် လူအသေအပျောက်ရှိ မရှိဆိုတာ မသိရသေးသလို  ဘယ်ကနေ မီးစလောင်တယ်ဆိုတာလဲ မသိရသေးကြောင်း၊ ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်စိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့နဲ့ ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်တွေကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org