KIO နှင့် တိုက်ပွဲဖြစ်ပြီး အစိုးရ ဒု ဗိုလ်မှူးကြီး ဒဏ်ရာပြင်းထန်စွာရ
စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ KIO ကချင် လွတ်မြောက်ရေးအဖွဲ့နဲ့ စစ်အစိုးရတပ်တွေ ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၉ နာရီက ဗန်းမော်-မန်ဝိန်းကားလမ်း အနီးမှာ နှစ်နာရီကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
-
2011-02-07 -
-
-
Your browser doesn’t support HTML5 audio
ခုလို တိုက်ပွဲတွေ ဖြစ်ပွားတာဟာ KIO အဖွဲ့နဲ့ စစ်အစိုးရ ငြိမ်းချမ်းရေး ယူခဲ့တဲ့ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားတာ ဖြစ်သလို ၁၉၉၇ ခုနှစ် နောက်ပိုင်း ပထမဆုံး ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲ ဖြစ်ပွားတဲ့ တပ်တွေကတော့ စစ်အစိုးရရဲ့ မိုးညှင်း အခြေစိုက် ခလရ ၁၅ နဲ့ KIO တပ်မဟာ ၃ က ခြေလျင် တပ်ရင်း ၂၇ တို့ ဖြစ်ပါတယ်။ အဲဒီ တပ်ရင်း၂၇ က KIO အရာရှိတဦးက ခုလို ပြောပါတယ်။
“မိုင်းတွေ နင်းမိပြီးတော့မှ သူတို့လည်း ပြန်ပစ်တယ်။ အဲဒီမှာ ကျွန်တော်တို့ဖက်ကလည်း ပြန်ပစ်တယ်။ တပ်ရင်းကားနဲ့ ၆၀ လောက်ဆိုတော့ ဒါ စစ်ကြောင်းကြီးတော့ မဟုတ်ဖူး။ သူတို့ တခြား ရဲတွေ ဘာတွေနဲ့၊ ပြည်သူ့ရဲတွေလည်း ပါတယ်ပေါ့။ စစ်သားတွေချည်းပဲ မဟုတ်ဖူး။ နှစ်နာရီလောက် ပစ်ကြခတ်ကြတာမှာ ကျွန်တော်တို့က ဘဇူကာတို့ ဘာတို့ ပစ်တယ်။ ကျွန်တော်တို့ဖက်လည်း တော်တော်လေး ပြင်းပြင်းထန်ထန် ပစ်ကြပါတယ်။ နှစ်နာရီလောက် ကြာသွားတယ်ပေါ့ ပစ်ခတ်မှုက။ လူ ၈ ယောက် ထိခိုက်တယ်။”
စစ်အစိုးရဖက်က အင်အား ၆၀ ခန့် ရှိတဲ့ ရဲနဲ့ စစ်တပ်ပူးပေါင်းအဖွဲ့ ကားသုံးစီး လာရောက်တာပါ။ တိုက်ပွဲမှာ စစ်အစိုးရဖက်က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ယဉ်ထွေး ဒဏ်ရာ အပြင်းအထန် ရရှိသလို ဆေးမှူး အပါအဝင် ကျန် ၇ ဦးလည်း ဒဏ်ရာရရှိတယ်လို့ KIO ဖက်က ပြောပါတယ်။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ဦးရဲထက်က ခုလို သတင်း ပေးပို့ထားပါတယ်။
သတင်းပေးပို့ချက် |
|
အသံဖိုင်ယူရန် |
တဆက်တည်း စစ်အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ KIO တပ်မဟာ ၃ တပ်ရင်း ၂၇ က အရာရှိတဦးကိုလည်း RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |