FDA ထောက်ခံချက်မရှိတဲ့ ရေသန့် ၆ မျိုးကို တရားစွဲဆိုထား

ရန်ကုန်တိုင်းအတွင်း အစားအသောက် နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာန FDA ထောက် ခံချက်မရရှိထားဘဲ ရောင်းချနေတဲ့ ရေသန့် အမှတ်တံဆိပ် ၆ မျိုးကို တရားစွဲဆိုထားတယ်လို့ အစား အသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသန်းထွဋ် က ပြောပါတယ်။

ရန်ကုန်မြို့က အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာနခွဲရုံးမှာ ဇန်နဝါရီလ ၂၄ ရက်နေ့က သောက်ရေသန့်လုပ်ငန်းရှင်တွေ နဲ့ ဒေါက်တာသန်းထွဋ် တွေ့ဆုံစဉ် Photo: Aung Thain Kha/RFA

ရန်ကုန်တိုင်းအတွင်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာန FDA ထောက်ခံချက်မရရှိထားဘဲ ရောင်းချနေ တဲ့ ရေသန့်အမှတ်တံဆိပ် ၆ မျိုးကို တရားစွဲဆိုထားတယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့က အစားအသောက် နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာနခွဲရုံးမှာ သောက်ရေသန့်လုပ်ငန်းရှင် ၅၀ ဝန်းကျင်နဲ့ တွေ့ဆုံရာမှာ ဒေါက်တာသန်းထွဋ် က ပြောခဲ့တာဖြစ်ပါတယ်။

"၆ ခုဆိုတာက လောလောဆယ်ရန်ကုန်ထဲမှာ ၆ ခု၊ ရန်ကုန်ကအများဆုံးပဲ၊ နောက်လာမှာပေါ့၊ မန္တလေးတို့ ဘာတို့၊ ညာတို့၊ သူတို့ရုပ်သိမ်းရင် ရုပ်သိမ်း၊ မရုပ်သိမ်းရင်ဆက်လာမှာပေါ့၊ တရားမဝင်လုပ်ရင်တော့ တရားရုံးမှာသွားရှင်းမယ်၊ တရားသူကြီးအဆုံးအဖြတ်ကိုခံမယ်၊ အခုလောလောဆယ် ၆ ခုကို ရဲအရေးပိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် FDA ရုံးအနေနဲ့ပဲ တရားစွဲထားပါတယ်၊ တရားရုံးကဆုံးဖြတ်ပါလိမ့်မယ်"

FDA ထောက်ခံချက်မရှိဘဲ ရောင်းချနေတဲ့ အမှတ်တံဆိပ် ၆ မျိုးကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ ရေသန့်အမှတ်တံဆိပ်တွေကို ဈေးကွက်ထဲကနေ ပြန်လည်ရုပ်သိမ်းပေးဖို့ လည်း ရေသန့်လုပ်ငန်းရှင်တွေကို တိုက်တွန်းခဲ့ပါတယ်။

ရေသန့်လုပ်ငန်းနဲ့ပတ်သက်ပြီး FDA လက်မှတ်ရရှိအောင် ငွေကြေးရယူပြီး ပွဲစားသဖွယ် လုပ်ကိုင်ပေးနေသူတွေကို အရေးယူသွားမယ်လို့လည်း ဒေါက်တာသန်းထွဋ် က ပြောခဲ့ပါတယ်။

ဒီနေ့ တွေ့ဆုံပွဲဟာ ရန်ကုန်မြို့က သောက်ရေသန့်လုပ်ငန်းရှင်တွေနဲ့သာ တွေ့ဆုံတာဖြစ်ပြီး နေပြည်တော်မှာလည်း အလားတူ တွေ့ဆုံပွဲမျိုးပြုလုပ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org