မိတ္ထီလာ ထွန်တုံးတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

မိတ္ထီလာခရိုင်အတွင်း အတင်းအဓမ္မ လယ်ယာမြေ အသိမ်းခံထားရတဲ့ တောင်သူတွေက လယ်ယာမြေတွေမှာ ပြန်လည် စိုက်ပျိုးခွင့် ရရေးအတွက် ထွန်တုံးတိုက်ပွဲ ဆက်လက် ဆင်နွှဲနေကြပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်က မိတ္ထီလာခရိုင်အတွင်း လယ်ယာမြေ အသိမ်းခံထားရတဲ့ တောင်သူများ လယ်ယာမြေတွေမှာ ပြန်လည် စိုက်ပျိုးခွင့် ရရေးအတွက် ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ်။ RFA

မိတ္ထီလာ၊ ဝမ်းတွင်းနဲ့ မလှိုင်မြို့နယ်က ထွန်တုံးတိုက်ပွဲ ဆင်နွဲနေတဲ့ လယ်သမားတွေကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်း ခြိမ်းခြောက်မှုတွေ ရှိကြောင်းလည်း သိရပါတယ်။

မိတ္ထီလာမြိုနယ် ကံကောင်းရွာက လယ်မြေ ထွန်ယက်နေတဲ့ တောင်သူတွေထံကို အမှတ် ၁ စခန်းက ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး စစ်ဆေး မေးမြန်းခဲ့ကြောင်း လယ်သမားတစ်ဦးက ပြောပါတယ်။

လယ်ယာမြေ ဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး လယ်သမားတွေက သူတို့ရဲ့ ဘိုးဘွားပိုင်မြေ၊ ဓားမဦးချမြေ၊ မူလလက်ငုတ် လက်ရင်းပိုင်မြေတွေကို ပြန်လည် ရပိုင်ခွင့်အတွက် အခုလဆန်းပိုင်းက သက်ဆိုင်ရာကို တိုင်ကြားခဲ့ပေမဲ့ အရေးယူ ဖြေရှင်းပေးမှု မရှိတဲ့အတွက် မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း၊ မလှိုင် လေးမြို့နယ်က လယ်သမားတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က စပြီးတော့ ထွန်တုံးတိုက်ပွဲ စတင်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org