မောင်တောမှာ မိုင်းပေါက်ကွဲတဲ့နေရာအနီးက ကျေးရွာကို တပ်မတော် ဝင်ရောက်စစ်ဆေး


2019.08.26
maungtaw-622.jpg ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မောင်တောမြို့မှာ မနေ့က မနက် ကိုးနာရီလောက်က မိုင်းဗုံးပေါက်ခဲ့ပြီး ဗုံးပေါက်ကွဲတဲ့နေရာနဲ့ အနီးဆုံးရွာသာယာကို တပ်မတော်က ဝင်ရောက်စစ်ဆေးနေတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ပေါက်ကွဲတဲ့မိုင်းဟာ အသံမိုင်းဖြစ်ပြီး လူအထိအခိုက်မရှိဘူးလို့ ပြောပါတယ်။ မောင်တောမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းကတော့ မိုင်းပေါက်ကွဲတာမှန်ကန်ပြီး နှစ်လုံးပေါက်ကွဲတယ်လို့ ပြောပါတယ်။

သြဂုတ်လအတွင်း မိုင်းဗုံးပေါက်ကွဲတာ သုံးကြိမ်လောက်ရှိနေပြီး စစ်ဆေးခံရတဲ့ သူတွေလည်းရှိကြောင်း ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်တဲ့နေရာမှာ လွဲချော်မှုတွေရှိနေကြောင်း ရွှေရင်အေးလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုမှာ ဖမ်းဆီးစစ်ဆေးခံနေရတဲ့သူဟာ အဲဒီအနီးဝန်းကျင် ငါးမျှားနေသူ မျက်စိတစ်ဖက် မမြင်သူဖြစ်နေကြောင်း ပြောပါတယ်။

အခုလို ပေါက်ကွဲမှုတွေမှာ တိတိကျကျဖြစ်မှ ဖမ်းဆီးစစ်ဆေးစေလိုကြောင်း ဒီလိုမှမဟုတ်ဘူးဆိုရင် ပြည်သူတွေ အနေနဲ့ ထိတ်လန့်နေရကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှာ လက်နက်ကြီးကျတဲ့အတွက် ကလေးငယ် သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။