တိုင်းရင်းသား လူငယ်များ နှီးနှော ဖလှယ်ပွဲ လွိုင်ကော်မြို့မှာ ဖွင့်လှစ်

ဒုတိယအကြိမ်မြောက် တိုင်းရင်းသား လူငယ်များ နှီးနှောဖလှယ်ပွဲကို ကယားပြည် နယ် လွိုင်ကော်မြို့ Kayah Resort ဟော် တယ်မှာ ဒီကနေ့စတင်ကျင်းပနေပါတယ်။

တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲကို ဇန်နဝါရီလ ၂၄ ရက်နေ့က လွိုင်ကော်မြို့ Kayah Resort ဟော်တယ်မှာ ကျင်းပနေစဉ် Photo: Nay Thwae/ RFA

ဒုတိယအကြိမ်မြောက် တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့ Kayah Resort ဟော်တယ်မှာ ဒီကနေ့စတင်ကျင်းပနေ ပါတယ်။

စစ်မှန်တဲ့ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်တဲ့နေရာမှာ တိုင်းရင်းသား လူငယ်တွေရဲ့စည်းလုံးမှုအားနဲ့အထောက်အကူဖြစ်စေဖို့ အခုလိုပွဲကို ကျင်းပရတာလို့ တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ ပြန်ကြားရေးတာဝန်ခံ ကိုမင်းမောင်က ပြောပါတယ်။

"ဒီတိုင်းရင်းသားလူငယ်ရဲ့ စည်းလုံးညီညွတ်မှုအားနဲ့ လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ သွားမယ်ဆိုတဲ့ စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ် ကို ဖော်ဆောင်တဲ့ နေရာမှာ တိုင်းရင်းသားလူငယ်ထုအနေနဲ့ ကျနော်တို့ဖော်ဆောင်နိုင်ဖို့ အထောက် အကူဖြစ်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက် ၄ ချက် နဲ့ ပြုလုပ်ရခြင်းဖြစ်ပါတယ်"

အဲဒီအခမ်းအနားကို ကယားပြည်နယ်ကျောင်းသားသမဂ္ဂ ၊ ကရင်နီပြည် လူငယ်များ သမဂ္ဂ၊ မွန်လူငယ်များအဖွဲ့၊ ရှမ်းတောင် လူငယ်များကွန်ရက်၊ ကချင် လူငယ်များအဖွဲ့၊ ပအိုဝ်းလူငယ်များအဖွဲ့စတဲ့ တိုင်းရင်းသားဒေသ အသီးသီးက လူငယ်အဖွဲ့ငါးဆယ်ကျော် တို့က ကိုယ်စားလှယ် ၁၂၀ ကျော် တက်ရောက် ဆွေးနွေးနေကြပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ သုံးရက်တာ ကျင်းပမှာဖြစ်ပြီး ဒီကနေ့ ပထမနေ့မှာ လူငယ်နဲ့မူးယစ်ဆေးဝါးပြဿနာ ကာကွယ်ခြင်းဆိုင်ရာတို့ကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။

ပထမအကြိမ် တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာလတုန်းက မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပခဲ့ပါတယ်။

ပြန်ကြားရေး တာဝန်ခံ ကိုမင်းမောင်ကို RFA သတင်းထောက် ကိုနေသွေး က တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org