လျှပ်စစ်မီတာနှုန်းထား ကြီးမြင့်မှု ထားဝယ်မှာ ထောင်နဲ့ချီ ဆန္ဒပြ

တနင်္သာရီတိုင်းဒေသကြီးမှာ မီတာခ တစ်ယူနစ်ကို ၃၅ ကျပ်နဲ့ သတ်မှတ်ကောက် ယူဖို့ ဒေသခံတစ်ထောင်ကျော်က ဒီနေ့ ထားဝယ်မြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

တနင်္သာရီတိုင်းတစ်ခုလုံး လျှပ်စစ်မီတာ တစ်ယူနစ် ၃၅ ကျပ်ရရှိရေး ဇန်နဝါရီလ ၂၃ ရက်နေ့က ထားဝယ်မြို့မှာ ဆန္ဒပြကြစဉ် Photo: Kyaw Lwin Oo/RFA

တနင်္သာရီတိုင်းဒေသကြီးမှာ မီတာခ တစ်ယူနစ်ကို ၃၅ ကျပ်နဲ့ သတ်မှတ်ကောက်ယူဖို့ ဒေသခံတစ်ထောင်ကျော် က ဒီနေ့ ထားဝယ်မြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

လက်ရှိမီတာခ တစ်ယူနစ်ဟာ ကျပ်လေးရာကနေ ကျပ်တစ်ထောင်ကျော်အထိ ပေးပြီးသုံးစွဲနေရကြောင်း ဆန္ဒပြတောင်းဆိုရာမှာပါဝင်တဲ့ ထားဝယ်လူ့အခွင့် အရေး စောင့်ကြည်ရေးကွန်ရက်က ကိုသန်းဝင်း က ပြောပါတယ်။

"တနင်္သာရီတိုင်းမှာ ကျနော်တို့ သဘာဝသယံဇာတ ဓါတ်ငွေ့တွေဟာ လွန်ခဲ့တဲ့ ၁၇ နှစ်ကျော်ကတည်းက ထုတ်ယူသွားတာပါ၊ ဒါပေမဲ့ တနင်္သာရီတိုင်းတွေမှာ ဒီသယံဇာတတွေ သုံးစွဲခွင့်မရရှိဘဲနဲ့ လျှပ်စစ်မီတာခ တစ်ယူနစ်ကို ၄ဝဝ ကျော် ၅ဝဝ တချို့နေရာတွေမှာ ၁ဝဝဝ ကျော်အထိပေးနေရတာ ကျနော်တို့ရဲ့ နိုင်ငံသားအခွင့်အရေးတွေ ချိုးဖောက်တာပဲ၊ ဒါကြောင့်မို့ ကျနော်တို့ဟာ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေး ရရှိစေချင်လို့ ဒီနေ့တိုင်းအစိုးရကိုရော၊ ပြည်ထောင်စုအစိုးရကိုပါ သိစေနိုင်ရန်အတွက် ကျနော်တို့ဆန္ဒ ထုတ်ဖော်ခြင်းဖြစ်ပါတယ်"

ဆန္ဒပြပွဲကို တနင်္သာရီတိုင်း သဘာဝသယံဇာတ အကျိုးခံစားခွင့်ရရှိရေးကော်မတီက ဦးဆောင်တာဖြစ်ပြီး ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်းနဲ့ ရေဖြူမြို့နယ်တွေကဒေသခံတွေ ပါဝင်ခဲ့ကြပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာ လျှပ်စစ်ဓာတ်အားကို အစိုးရကဖြန့်ဝေပေးတာမဟုတ်ဘဲ ပုဂ္ဂလိကလုပ်ငန်း ရှင်တွေကသာ မီးစက်တွေနဲ့ လျှပ်စစ်မီးပေးနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org