ရွေးကောက်ပွဲ ရ/ သုံးငွေစာရင်း အရေးကြီးကြောင်း ရှေ့နေဦးသိန်းညွှန့်ပြော
လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ရွေးကောက်ပွဲ ရငွေ၊ သုံးငွေစာရင်း စနစ်တကျ ပြုစုထားဖို့ ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
-
2010-09-18 -
-
-
Your browser doesn’t support HTML5 audio
ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ကြေညာတဲ့နေ့ကစပြီး ရက်ပေါင်း ၆ဝ အတွင်း ငွေစာရင်းတွေကို သက်ဆိုင်ရာ ကော်မရှင်ရုံးတွေမှာ တင်ပြရမှာ ဖြစ်ပါတယ်။
ပြည်သူတွေ ရွေးကောက်တင်မြောက်မယ့် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ကုန်ကျစရိတ်စာရင်း အတိအကျ ထုတ်ပြန်ရမယ့် အချက်ဟာ အရေးကြီးတဲ့အချက် ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီရဲ့ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ရှေ့နေ ဦးသိန်းညွှန့်က အာအက်ဖ်အေကို ပြောပါတယ်။
“ဒါ ရွေးကောက်ပွဲ ဝင်မယ့်သူတွေအတွက် အင်မတန် အရေးကြီးပါတယ်။ ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲ ဥပဒေမှာရော၊ နည်းဥပဒေမှာရော သတ်မှတ်ထားတာ ရှိတယ်။ အဲဒီသတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ကိစ္စများ ဖြစ်လာတဲ့အတွက် ၉၀ ရွေးကောက်ပွဲတုန်းက လွှတ်တော်ကိုယ်စားလှယ်တွေ လူထုက ရွေးချယ်တင်မြောက်ပေမယ့် ကျနော်မှတ်မိသလောက် အယောက် ၃၀ ကျော်လောက်ဟာ ရွေးကောက်ပွဲ ကုန်ကျစရိတ်နဲ့ ကိုယ်စားလှယ်အဖြစ်က ရပ်စဲခံရတာ ရှိတယ်။ ပြည်သူလူထုက ကိုယ့်ကို ရွေးကောက်ထားတဲ့အပေါ်မှာ ကိုယ်က ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်းကို အတိအကျ မလုပ်တဲ့အခါကျတော့ လူထုအပေါ်မှာ အများကြီး ထိခိုက်ပါတယ်”
ဒီ ပြဌာန်းချက်အရ ဆိုရင် နိုင်ငံတော် ဘဏ္ဍာငွေတွေကို သုံးစွဲနေတယ်လို့ စွပ်စွဲခံထားရတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ငွေစာရင်းတွေ အတိအကျ ထုတ်ပြန်ဖို့ ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း နိုင်ငံရေးပါတီတွေက ပြောပါတယ်။
ဒီ အတောအတွင်းမှာပဲ ရွေးကောက်ပွဲကို နိုင်ငံတကာ အမြင်ကောင်းဖို့ ရည်ရွယ်ချက်နဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစိုးရ ကျောထောက်နောက်ခံ ပြုထားတဲ့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီက စီးပွားရေး လုပ်ငန်းရှင်တဦးက တဆင့် ငွေသိန်းပေါင်းများစွာ လှူဒါန်းခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပါတီတွင်း ငွေကြေးရံပုံငွေ ကိစ္စ ပါတီဝင်တွေ သိခွင့်ရမရ ဆိုတာနဲ့ ပတ်သက်လို့ NDF ပါတီရဲ့ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ရှေ့နေဦးသိန်းညွှန့်ကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |