ရွေးကောက်ပွဲကော်မရှင်က NLD နှင့် ပါတီကြီး ၄ ခုကို ပယ်ဖျက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေသစ်အရ နိုင်ငံရေးပါတီ အဖြစ် ပြန်လည်မှတ်ပုံတင် သက်တမ်း မတိုးခဲ့တဲ့အတွက် ပယ်ဖျက်ကြောင်း စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင် အသစ်က စက်တင်ဘာ ၁၄ ရက် ဒီကနေ့ညနေ ၆ နာရီက ကြေညာလိုက်ပါတယ်။
-
2010-09-14 -
-
-
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဌာနချုပ်ရုံးတွင် ကျင်းပသည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ နှစ်ပတ်လည် အခမ်းအနားတွင် ပါတီ၏ သင်္ကေတတခု ဖြစ်သော ခမောက်ကိုယ်စီ ဆောင်းထားသည့် အဖွဲ့ဝင်များကို ၂၀ဝ၈ မေလ ၂၇ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
Your browser doesn’t support HTML5 audio
ဒီအထဲမှာ NLD အပါအဝင် ပြည်ထောင်စု ပအိုးဝ်အမျိုးသားပါတီ (UPNO)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ဝ အမျိုးသား တိုးတက်ရေးပါတီတို့ ဖြစ်ပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်ပြီး သဘောထားနဲ့ တုံ့ပြန်ချက်သိဖို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို RFA မှ ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန် |