ရွေးကောက်ပွဲစနစ် လေ့လာဖို့သာ ဦးရွှေမန်းပြောဆိုခဲ့ဟု ဒေါ်အောင် ဆန်းစုကြည် ပြောကြား
ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဥက္ကဌ သူရဦးရွှေမန်း ပြောဆိုခဲ့တာဟာ မြန်မာပြည်အတွက် သင့်တော်မယ့် ရွေးကောက်ပွဲစနစ်ကို လေ့လာဖို့ ကော်မရှင်တစ်ခုဖွဲ့စည်းရေးသာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားလိုက်ပါတယ်။
-
2014-07-30 -
-
-
ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဥက္ကဌ သူရဦးရွှေမန်း ပြောဆိုခဲ့တာ ဟာ မြန်မာပြည်အတွက် သင့်တော်မယ့် ရွေးကောက်ပွဲ စနစ်ကို လေ့လာဖို့ ကော်မရှင်တစ်ခုဖွဲ့စည်းရေးသာဖြစ် တယ်လို့ အမျိုးသားဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။
"ဥက္ကဌကြီးပြောတာက မြန်မာပြည်နဲ့ သင့်တော် တဲ့ရွေးကောက်ပွဲ စနစ်တစ်ခုနဲ့ ပတ်သက် လို့ လေ့လာဖို့ ကော်မရှင်ဖွဲ့မယ်ဆိုပြီး၊ ဒါကတော့ PR ရယ်လို့တော့ မဟုတ်ဘူးပေါ့၊ မြန်မာပြည်နဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲစနစ်တစ်ခု အဲ့ဒါကိုတော့ ကော်မရှင်ဖွဲ့ပြီး လေ့လာတာတော့ ဘာမှအမှားမရှိပါဘူး"
RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့က ဟိုတယ်တစ်ခုမှာ လာရောက်တည်းခိုတဲ့ဧည့်သည်တွေကို ဝန်ထမ်းတွေ ဒူးထောက် ကြိုဆိုဖို့ သင်ကြားပို့ချခဲ့တဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနက သတိပေးခဲ့ရတာနဲ့ ပတ်သက်ပြီး မေးမြန်းရာ မှာတော့ အဲ့ဒီလို ခိုင်းစေတာဝန်ပေးမှှုမျိုးဟာ မြန်မာ့ယဉ်ကျေးမှှုနဲ့ လုံးဝဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်လိုက်ပါတယ်။
"ကျမကတော့ လုံးဝမကြိုက်ဘူး၊ ဒူးထောက်ပြီး ကြိုစရာလည်း မလိုဘူး၊ လက်အုပ်ချီပြီး ကြိုစရာလည်း မလိုဘူး၊ ဒါကျမတို့ ဗမာယဉ်ကျေးမှှုက ဒီလိုလက်အုပ်ချီပြီးတော့ ကြိုဆိုတယ်ဆိုတာဟာ ကျမတို့ဟာ ဘုန်းတော်ကြီးတွေကိုသာ လုပ်လေ့ရှိတယ်လေ၊ ဒါကျမတို့ ယဉ်ကျေးမှှုဟာဒီအတိုင်းပဲ၊ အခုနောက်ပိုင်း မှ ဟိုလူ့ကို လက်အုပ်ချီဖြစ်လာတာပါ၊ အဲ့ဒီတော့ ကျမတို့က ဒီလိုဒူးထောက်တာတို့ ဒါတွေလည်း မကြိုက်ဘူး"
တဆက်တည်းမှာပဲ ဟိုတယ်တစ်ခုမှာ သူ့ကို အဲဒီလို ဒူးထောက်အရိုအသေပြုတဲ့အတွက် တားမြစ်ခဲ့ရဘူးကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။