အချိုးကျ ကိုယ်စားပြုစနစ် တိုင်းရင်းသားပါတီများ ပယ်ချ

တိုင်းရင်းသားပါတီ ၂၀လောက်နဲ့ စုဖွဲ့ထား တဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က လာမယ့် ရွေးကောက် ပွဲတွေမှာ PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ လက်မခံကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF တိုင်းရင်းသားပါတီ ၂၀ လောက်နဲ့ စုဖွဲ့ထားတာဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့က ပါတီဝင် တချို့ကို မြင်တွေ့ရစဉ် Photo: Win Naung Toe / RFA

တိုင်းရင်းသားပါတီ ၂၀လောက်နဲ့ စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က လာမယ့် ရွေးကောက်ပွဲတွေမှာ PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ လက်မခံကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

နေပြည်တော်ရှိ  မောခမ်းနွံစားသောက်ဆိုင်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ဦးစိုင်းလှကျော်က သူတို့ လက်မခံရတဲ့အကြောင်းကို  အခုလို ပြောပါတယ်။

"တိုင်းရင်းသားပါတီများ ရရှိတဲ့ မဲအဆိုနည်းပြီးတော့ ကျနော်တို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ဟာ အောက် လွှတ်တော်မှာ ကွယ်ပျောက်သွားနိုင်မဲ့ အနေ အထားမျိုး ရှိပါတယ်၊ တိုင်းရင်းသား လူနည်းစု လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်မှာ ပါဝင်ခွင့်မရဘူးဆိုလို့ရှိရင် တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေး တည်ဆောက်နိုင်မှာ မဟုတ်သလို ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ရေး လုံးဝတည်ဆောက်နိုင်မှာ မဟုတ်ပါဘူး၊ ဒါကြောင့် နောက်ဆုံးအပိုင်းအနေနဲ့ ကျနော်တို့ တိုင်းရင်းသားပြည်နယ်များမှာ PR စနစ် ကျင့်သုံးခြင်းမပြုဖို့ ကျနော်တို့ NBF ကကြိုးပမ်း သွားမှာဖြစ်တယ်၊ အဲ့ဒါအပြင် လိုအပ်တယ်ဆိုလို့ရှိရင် ကျနော်တို့ တိုင်းရင်းသားဒေသမှာ ဆန္ဒပြ ပွဲတွေလုပ်ဖို့ ကျနော်တို့ စီစဉ်ထားပါတယ်"

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုး သားပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ တအောင်း အမျိုးသားပါတီ ၊ အင်းအမျိုးသား ဖွံံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စတဲ့ တိုင်းရင်းသားပါတီ ၂၀လောက်နဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။

ဒီနေ့မှာပဲ အမျိုးသားလွှတ်တော်မှာ အချိုးကျကိုယ်စားပြုစနစ်ခေါ် PR ကျင့်သုံးသင့်၊ မသင့်ကို ဒုတိယမြောက်နေ့ အဖြစ် ဆွေးနွေးကြပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးရာမှာ ၆ဦးက ကန့်ကွက် ဆွေးနွေး ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်က လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကို ရွေးချယ် တဲ့အခါ   အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးပေးဖို့ အမျိုးသား လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org