မဲစာရင်းမှာ မပါဝင် သူတွေ တောင်းဆိုဖြည့် စွက်နိုင်ကြောင်း ကြေညာ
လာမယ့် အောက်တိုဘာလကုန် ဒါမှမဟုတ် နိုဝင်ဘာလကုန်မှာ ကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေ မဲစာရင်းထဲ မှာ မပါဝင်ပါက သက်ဆိုင်ရာ လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာန မှာ တောင်းဆိုဖြည့်စွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အစိုးရသတင်းစာတွေမှာ ကြေညာ ချက်ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။
-
2015-01-01 -
-
-
လာမယ့် အောက်တိုဘာလကုန် ဒါမှမဟုတ် နိုဝင်ဘာ လကုန်မှာ ကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေ မဲစာရင်းထဲမှာ မပါဝင်ပါက သက်ဆိုင်ရာ လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာန မှာ တောင်းဆိုဖြည့်စွက်နိုင်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အစိုးရသတင်းစာတွေမှာ ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။
ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းတွေ ပြုစုနေပြီဖြစ် တာကြောင့် မဲစာရင်းမှာ မိမိတို့ပါဝင်ခြင်း ရှိမရှိ ကို စောင့်ကြည့်ပြီး မပါခဲ့ရင် လဝကမှာ ပြန်လည်ဖြည့် စွက်နိုင်ဖို့အတွက် တိုက်တွန်းတာဖြစ်တယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယ ညွှန်ကြားရေးမှုး ဦးလှမောင်ချိုက ပြောပါတယ်။
"ဥပမာဖြင့် ရွေးကောက်ပွဲက နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျင်းပမယ်ဆိုပါစို့ နိုဝင်ဘာ ၁ ရက်မှာ ၁၈ နှစ်မပြည့်တော့ သူ့ကိုမဲစာရင်းမှာ ထည့်သွင်း ပြီးပုံစံစာအုပ်နဲ့ တောင်းဆိုရမှာဖြစ်ပါတယ်၊ မပါသင့်လူပါတယ်ဆိုတာ ကျနော်တို့ဥပမာဖြင့် သေဆုံး သွားတဲ့လူနေမှာပေါ့၊ သေဆုံးသွားတဲ့လူကို ကျနော်တို့က သူ့ရဲ့လုပ်ထုံးလုပ်နည်းအရဆိုရင် လ.ဝ.က မှာ သေဆုံးသွားတဲ့ထောက်ခံချက်တို့နဲ့ အင်အားလျော့မှာ လ.ဝ.က ပုံစံ ၆၆(၆)မှာ လုပ်ပေးပါတယ် ခင်ဗျ၊၊ သူကအဲ့လိုမလုပ်နိုင်ရင် ကျနော်တို့ကယူထားတာ ဒီပုံစံ ၁ဝ ယူထားတယ်၊ သူ့ရဲ့ဟာကြီးက ပါနေတယ်၊ ပါနေတယ်ဆိုတော့ သူကဘယ်နေ့ဘယ်ရက်မှာ သေဆုံးသွားတာဖြစ်တဲ့အကြောင်း မဲစာရင်းမှာပယ်ပေးပါဆိုပြီး ဖယ်ခိုင်းတာပါ"
ရွေးကောက်ပွဲကျင်းပမယ့် ရက်အတိအကျကို ရွေးကောက်ပွဲကျင်းပမယ့်ရက်မတိုင်မီ ရက်ပေါင်း ၉၀ အလိုမှာ ထုတ်ပြန်ကြေညာပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။