ရွေးကောက်ပွဲ မမှန်ကန်ရင် ဆက်ဆံရေးထိခိုက်နိုင်ကြောင်း ကန်အမတ် သတိပေး

မြန်မာနိုင်ငံရဲ့ လာမယ့်ရွေးကောက်ပွဲ ဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို မထင်ဟပ်ဘူးဆိုရင် အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာ ကြား ပုံမှန်ဆက်ဆံရေးဟာ ရှေ့ဆက်သွားဖို့ အများကြီး ခက်ခဲသွားလိမ့်မယ်လို့ အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က မနေ့က သတိပေးပြောဆိုလိုက်ပါတယ်။

အမေရိကန် ဆီးနိတ်အထက်လွှတ်တော်အမတ် Mitch McConnell ကို တွေ့ရစဉ် Photo: ajc.blogs

မြန်မာနိုင်ငံရဲ့ လာမယ့်ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို မထင်ဟပ်ဘူးဆိုရင် အမေရိကန် ပြည်ထောင် စုနဲ့ မြန်မာကြား ပုံမှန်ဆက်ဆံရေးဟာ ရှေ့ဆက်သွားဖို့ အများကြီးခက်ခဲသွားလိမ့်မယ်လို့ အမေရိကန် အထက် လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က မနေ့က သတိပေးပြောဆိုလိုက်ပါတယ်။

လွတ်လပ်မျှတမှု မရှိ၊ သန့်ရှင်းမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့မယ်ဆိုရင် နှစ်နိုင်ငံကြားက စီးပွားရေး အချိတ်အဆက်တွေ၊ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးစည်းကြပ်ခွန် ကင်းလွတ်ခွင့်အလားအလာတွေ၊ စစ်တပ်ချင်းဆက်ဆံမှုတွေ ထိခိုက်သွားနိုင်ကြောင်းလည်း အထက်လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ မွတ်စလင် ရိုဟင်ဂျာ ပြဿနာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေအဖွဲ့နဲ့ ငြိမ်းချမ်းရေးကိစ္စ၊ အခြေခံဥပဒေ ပြင်ဆင်ရေး စတဲ့ဆောင်ရွက်စရာကိစ္စတွေ အမြောက်အများရှိနေဆဲဖြစ်ကြောင်း၊ လာမယ့်လတွေအတွင်း မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်ပြောင်းလဲမှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အနီးကပ်စောင့်ကြည့်သွားမှာဖြစ်သလို၊ အပြုသဘောဆောင် အပြောင်းအလဲတွေ ပေါ်ပေါက်လာအောင်လည်း ကူညီအားပေးသွားမှာ ဖြစ်တဲ့အကြောင်း အထက်လွှတ်တော်အမတ် McConnell က ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org