အီလန်အထည်ချုပ် ဆန္ဒပြပွဲ ပြေလည်မှုရရှိ

နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ဒီကနေ့ နေ့လည်ပိုင်းအထိ ၅ ရက်ကြာ ဆန္ဒပြမှုတွေဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်း ၊ ရွှေပြည်သာစက်မှုဇုန် ၂ မှာရှိတဲ့ အီလန်မြန်မာ အထည်ချုပ် စက်ရုံက ဆန္ဒပြအလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအကြား တိုင်းအလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖျန်ဖြေရေးအဖွဲ့ က လာရောက်ဖြေရှင်းပေးတာကြောင့် ပြေလည်မှုရရှိ သွားပြီး ဆန္ဒဖော်ထုတ်မှုကို ဒီကနေ့ ညနေပိုင်းမှာ ရုပ်သိမ်း လိုက်ပါတယ်။

လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြနေကြတဲ့ စက်ရုံတစ်ရုံက အလုပ်သမားများကို တွေ့ရစဉ် photo: RFA/ Kyaw Htoon Naing

နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ဒီကနေ့ နေ့လည်ပိုင်းအထိ ၅ ရက်ကြာ ဆန္ဒပြမှုတွေဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်း ၊ ရွှေပြည်သာစက်မှုဇုန် ၂ မှာရှိတဲ့ အီလန်မြန်မာ အထည်ချုပ်စက်ရုံက ဆန္ဒပြအလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအကြား တိုင်းအလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖျန်ဖြေရေးအဖွဲ့က လာရောက်ဖြေရှင်းပေး တာကြောင့် ပြေလည်မှုရရှိသွားပြီး ဆန္ဒဖော်ထုတ်မှုကို ဒီကနေ့ ညနေပိုင်းမှာ ရုပ်သိမ်းလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး စက်ရုံရဲ့ အလုပ်သမားသမဂ္ဂ ဥက္ကဌ ကိုမျိုးမင်းမင်းက RFA ကို ပြောပါတယ်။

“ကျနော်တို့ လစာတိုးတောင်းတာကို သူတို့က တစ်သောင်းကျပ်တိတိ တိုးပေးမယ်၊ နောက် ဆန္ဒပြတဲ့ရက်ကို အလုပ်အရှင်းအဖြစ် သတ်မှတ်ပေးတယ်၊ နောက်ပြီး ၁၂ လပိုင်းကျရင် Bonus ကိုလည်း ပုံမှန်ပေးလိမ့်မယ်၊ နောက် ၄ လပိုင်း Promotion ကာလမှာ လစာတိုးမယ့်ဟာ ကိုလည်း တိုးမြဲအတိုင်းပဲတိုးပေးမယ်”

အလုပ်ရှင်ဖက်က အလုပ်သမားတွေ တောင်းဆိုတဲ့ အခြေခံလစာ ၃ သောင်းတိုးပေးဖို့ကိစ္စကို ၁ သောင်းတိတိ တိုးပေးမှာဖြစ်သလို စက်ရုံကအလုပ်ထုတ်ထားတဲ့ အလုပ်သမား ၆ ယောက်ကိုလည်း အလုပ်ပြန်ခန့်ပေးသွားမယ်ဆိုပြီး သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။ ဆန္ဒပြအလုပ်သမားတွေဟာ လာမယ့်အဂါၤနေ့မှာ အလုပ်ပြန်ဝင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org