၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ဆောင်ရွက်ရန် စုံစမ်းရေးကော်မရှင် တိုက်တွန်း
ရခိုင်ပြည်နယ်မှာ အစိုးရက ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း ရသင့်ရထိုက်တဲ့ နိုင်ငံသားအခွင့် အရေးပေးမယ်ဆိုရင် အစိုးရအပေါ် ယုံကြည်မှုတွေ တိုးပွားလာမှာဖြစ်သလို နောက်ထပ်ပြဿ နာတွေ ကိုလည်း မဖြစ်အောင် တားဆီးနိုင်မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေး ရွာဖြစ်စဉ် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီနေ့ ကြေညာ ချက်ထုတ်ပြန် ပြောဆိုပါတယ်။
-
2014-03-11 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်မှာ အစိုးရက ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း ရသင့်ရထိုက်တဲ့ နိုင်ငံသားအခွင့် အရေးပေးမယ်ဆိုရင် အစိုးရအပေါ် ယုံကြည်မှုတွေ တိုးပွားလာမှာဖြစ်သလို နောက်ထပ်ပြဿနာတွေ ကိုလည်း မဖြစ်အောင် တားဆီးနိုင်မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေး ရွာဖြစ်စဉ် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီနေ့ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။
နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့တဲ့ ဒုချီးရားတန်းဖြစ်စဉ် စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ သတင်းစာရှင်းလင်းပွဲကျင်းပစဉ် အကြံပြုချက် ၁၀ ချက်ပါဝင်တဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအတိုင်း အကောင် အထည်ဖေါ်လိုက်ရင် ပြဿနာတွေ နည်းသွားနိုင်ကြောင်း ဒုချီးရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဌ ဒေါက် တာ သာလှရွှေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒုချီးရားတန်း(အနောက်)မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဖြစ်စဉ်နဲ့ အဲဒီကျေးရွာမှာ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း ပျောက်ဆုံးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေါက်တာ ဦးသာလှရွှေဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့က ဖေဖော်ဝါရီလ ၁၅ရက်နေ့ကနေ ၂၁ရက်နေ့အထိ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာ ဒေသခံလူဦးရေနဲ့အညီ အချိုးကျတဲ့ ရဲတပ်ဖွဲ့ဝင် ကင်းစခန်းနဲ့ ရဲစခန်းတွေကို ထားရှိဖို့လိုအပ်ကြောင်းလည်း ပြောထားပါတယ်။
အဲဒီကော်မရှင်အဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ သုံးသပ်အကြံပြုချက်တွေ ပါဝင်တဲ့အစီရင်ခံစာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပေးပို့တင်ပြပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒုချီးရားတန်းဖြစ်စဉ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။