မြန်မာနိုင်ငံကလာတဲ့ ဒေါ်လာသုံးသန်းခွဲကျော် မူးယစ်ဆေးတွေ မီဇိုရမ်မှာ ဖမ်းမိ
မြန်မာနိုင်ငံက ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးပြဿနာဟာ မီဇိုရမ်ပြည်နယ်အတွက်ရော၊ အိန္ဒိယအတွက်ပါ အဓိကစိုးရိမ်ဖွယ်တွေထဲက တစ်ခုဖြစ်တယ်လို့ ာသံရိုင်ဖယ်က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
-
RFA Burmese
2023-07-16 -
-
-
မီဇိုရမ်ပြည်နယ် နယ်စပ်တွင် စစ်ဆင်ရေးဆောင်ရွက်နေကြသည့် အာသံရိုင်ဖယ်နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအား ၂ဝ၂၃ ခုနှစ် ဇွန်လ ၃ ရက်နေ့က တွေ့ရစဉ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံက ခိုးသွင်းလာတဲ့ အမေရိကန်ဒေါ်လာ သုံးသန်းခွဲကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူနဲ့ နိုင်ငံခြားစီးကရက်တွေ သယ်ဆောင်လာသူ ခြောက်ဦးကို နယ်စပ်မှာ သီးခြားစစ်ဆင်ရေး ဆောင်ရွက်နေတဲ့ အာသံရိုင်ဖယ်နယ်ခြားစောင့်တပ်ဖွဲ့နဲ့ အခြားဥပဒေစိုးမိုးရေး အေဂျင်စီတွေက ဖမ်းမိခဲ့တယ်လို့ အိန္ဒိယသတင်းတစ်ပုဒ်မှာ မနေ့က ဖော်ပြထားပါတယ်။
အဲဒီမူးယစ်ဆေးတွေနဲ့ သယ်ဆောင်လာသူတွေကို မီဇိုရမ်ပြည်နယ်အတွင်း လေးနေရာမှာ သီးခြားစီဖမ်းမိတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်က ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးပြဿနာဟာ မီဇိုရမ်ပြည်နယ်အတွက်ရော၊ အိန္ဒိယ နိုင်ငံအတွက်ပါ အဓိကအရေးကြီးတဲ့ စိုးရိမ်ဖွယ်တွေထဲက တစ်ခုဖြစ်တယ်လို့ အာသံရိုင်ဖယ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။