ပြည်လုံးကျွတ် အပစ်ရပ်စဲရေးမူကြမ်း ရေးဆွဲပြီးစီး

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီက ဦးဆောင်ပြီး လာမယ့် နိုဝင်ဘာလမှာ ကျင်းပဖို့ပြင်ဆင်နေတဲ့ နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ပါဝင်မယ့်အချက်တွေနဲ့ ပတ်သက်ပြီး အစိုးက မူကြမ်းရေး ဆွဲထားပြီးဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ တာဝန်ရှိသူတွေက ဒီနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ အောက်တိုဘာလ ၂၄ နေ့က ကျင်းပတဲ့ အရပ်ဖက်လူမှုအဖွဲ့စည်းတွေရဲ့ ငြိမ်းချမ်းရေးဖိုရမ် ကို တွေ့ရစဉ်

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီက ဦးဆောင်ပြီး လာမယ့် နိုဝင်ဘာလမှာ ကျင်းပဖို့ပြင်ဆင်နေ တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ပါဝင်မယ့်အချက်တွေနဲ့ ပတ်သက်ပြီး အစိုးက မူကြမ်းရေးဆွဲထားပြီးဖြစ်တယ် လို့ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ တာဝန်ရှိသူတွေက ဒီနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာကျင်းပတဲ့ အရပ်ဖက်လူမှုအဖွဲ့စည်းတွေရဲ့ ငြိမ်းချမ်းရေးဖိုရမ် မှာ ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာအကြံပေး ဦးလှမောင်ရွှေက ခုလို ပြောပါတယ်။

“အကြမ်းအားဖြင့် ဦးတည်ချက်နဲ့ ရပ်တည်ချက်ဆိုတာ တွေ့ပါတယ်၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လမ်းညွှန်ချက်စည်းမျဉ်းများတွေ့ပါတယ်၊ ပြန်လည်နေရာချထားရေး၊ လွှတ်လပ်စွာသွားလာခွင့်၊ ဆက်ဆံရေးရုံးများဖွင့်ထားခြင်း၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ခြင်း၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးရေးကော်မတီ၊ ပူးတွဲအပစ်အခတ်ရပ်စဲရေးကောမတီ စသည် တို့ကို တင်ပြထားတာတွေ့ရပါတယ်”

ဒါ့အပြင် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကနေ ရရှိလာတဲ့အချက်တွေကို လွှတ်တော်မှာတင်ပြ အတည်ပြုနိုင်ဖို့ကိုလည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တချိန်တည်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကလည်း အလားတူမူကြမ်းတစ်ခုရေးဆွဲထားပြီးဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် အောက်တိုဘာလ ၃၀ ဝန်းကျင်မှာလည်း ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့  ၁၆ ဖွဲ့ တွေ့ဆုံပြီး ညီလာခံကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီရဲ့ မူကြမ်းရေးဆွဲမှုနဲ့ ပတ်သက်လို့  RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org