အမျိုးသမီးသုံးယောက်မှာ တစ်ယောက်နှုန်းနဲ့ အကြမ်းဖက်ခံရ
ကမ္ဘာမှာ အမျိုးသမီးသုံးယောက်မှာ တစ်ယောက်ဟာ အိမ်တွင်းအကြမ်းဖက်မှု ခံနေရပြီး၊ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေ သနိုင်ငံတွေမှာ ပိုပြီးအဖြစ်များတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က မနေ့က ပြောပါတယ်။
-
2013-06-21 -
-
-
ကမ္ဘာမှာ အမျိုးသမီးသုံးယောက်မှာ တစ်ယောက်ဟာ အိမ်တွင်းအကြမ်းဖက်မှုခံနေရပြီး၊ အာရှနဲ့ အရှေ့အလယ်ပိုင်း ဒေသနိုင်ငံတွေမှာ ပိုပြီးအဖြစ်များတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မနေ့က ပြောပါတယ်။
ကမ္ဘာတဝှမ်း အမျိုးသမီးများ အကြမ်းဖက်ခံရမှုနဲ့ ကျန်းမာရေးပြဿနာဆိုင်ရာ ပထမဆုံးအကြိမ် စနစ်တကျလေ့လာခဲ့ရာမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ လင်ယောင်္ကျားတွေရဲ့ အကြမ်းဖက်နှိပ်စက်မှု ခံစားနေရကြောင်း တွေ့ရှိခဲ့တာဖြစ်ကြောင်း၊ ရရှိတဲ့အချက်အလက်တွေဟာ တုန်လှုပ်စရာကောင်းကြောင်း WHO ရဲ့ မိသားစု၊ အမျိုးသမီးများနဲ့ ကလေးသူငယ် ကျန်းမာရေးဌာနခွဲ အကြီးအကဲက ပြောပါတယ်။
ဒါပေမဲ့ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရကြောင်း ထုတ်ဖေါ်ပြောဆိုလေ့ မရှိကြတဲ့အပြင်၊ ဒီကိစ္စကို ဖြစ်ရိုးဖြစ်စဉ်အနေနဲ့သဘောထားနေကြပြီး၊ ကျန်းမာရေးနဲ့ တရားဥပဒေဆိုင်ရာ အစီအမံအကာအကွယ်တွေ ကင်းမဲ့နေတယ်လို့ ဆိုပါတယ်။
နိုင်ငံပေါင်း ၈၁ နိုင်ငံကို လေ့လာခဲ့ရာမှာ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှုဟာ အာရှတိုက်မှာ အမြင့်ဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ အရှေ့တီမော၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတွေမှာ အိမ်တွင်းအကြမ်းဖက်မှု ၃၇.၇ ရာနှုန်းရှိပြီး၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ၃၇ ရာနှုန်း၊ အာဖရိက ဆာဟာရအောက်ပိုင်းနိုင်ငံတွေမှာ ၃၆.၆ ရာနှုန်းရှိတယ်လို့ သိရပါတယ်။
ချမ်းသာတဲ့မြောက်အမေရိက၊ ဥရောသမဂ္ဂ ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတေးလျနဲ့ နယူးဇီလန် နိုင်ငံတွေမှာတော့ ၂၃. ၂ ရာနှုန်းသာရှိတယ်လို့ ဆိုပါတယ်။